"အနမ်းပုံပြင်​"

65 4 0
                                    

ချစ်​ခြင်းဆိုတဲ့​ရေကြည်​​လေးထဲမှာ လူသား နှစ်​​ယောက်​ရဲ့နှလုံးအိမ်​ကို မွမ်းမံစိုက်​ပျိုး​တော့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ချစ်​ခြင်းဆိုတဲ့​ရေကြည်​​လေးထဲမှာ
လူသား နှစ်​​ယောက်​ရဲ့နှလုံးအိမ်​ကို
မွမ်းမံစိုက်​ပျိုး​တော့​.....
စိမ်းလွှလွှ ရွက်​ကြောစိမ်း​တွေဟာ
တဖျတ်​ဖျတ်​နဲ့စိမ့်​ဖြာထွက်​ပြီး
အနားသတ်​မှာချစ်​ခြင်း​တွေက
တွဲ​လောင်းခိုလို့​ပေါ့....

အချစ်​​တွေလတ်​ဆက်​​နေတယ်​...
အပြုံး​တွေလတ်​ဆက်​​နေတယ်​...
မျက်​ဝန်း​တွေလတ်​ဆက်​​နေတယ်​...

ကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့
နှလုံးသား​တွေဟာလည်း
ပျိုမျှစ်​နုနယ်​လွန်း​နေတယ်​....

ပင်​လယ်​ကြီးရဲ့ရင်​ခွင်​ထဲမှာ...
ဆွေး​ဆွေးနီ ​နေလုံးကြီးက...
မေးတင်ပြီးကြည့်​​နေချိန်​...
ငေးရီလှိုက်​​မောခြင်းများနဲ့..
သက်​ပြင်းရှိုက်​ခဲ့​သောသူနှစ်​​ယောက်​..
ရှည်​​မျော​မျောအရိပ်​​တွေ..
ပင်​လယ်​ကြီးရဲ့မျက်​နှာပြင်​မှာ..
ယောင်​ပြန်​ဟပ်​ချိန်​မှာ​တော့..
သူ​ရော...ကျွန်​​တော်​​ရော..
တစ်​​ယောက်​အနမ်းကိုတစ်​​ယောက်​..
သောက်​သုံးလို့ဝခဲ့ပြီ...

................................................

ွယ်​fic

နွန်း

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now