ဘယ်ဘက်ရင်အုံက
ပန်းဥယျာဉ်ထဲကို
လိပ်ပြာတစ်ကောင်က
လေပြေအသွင်
ခြေသံလုံ အသံတိတ်ကာ
ပျိုမျှစ်တဲ့ အချစ်ရိုးတံကို ကိုက်ချီလို့
ဒီနွေမှာ......
ငါ့ကိုခလုတ်တိုက်သွားတယ်အဲ့ဒီအချိန်ကစ ...
ငါ့ဝဲဘက်ရင်အုံမှာ ...
နှလုံးသားဟာ...
အဖန်တစ်ရာထပ်နေတဲ့
သန်ဇကာကွက်နဲ့...သုံးစားမရတဲ့
ဇကာပေါက်လုံးလုံးဖြစ်သွားခဲ့တယ်....။26.11.2016
နွန်း
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...