မထိုက်တန်သောအရာ

69 4 0
                                    

ကျေကျေနပ်နပ်နဲ့ချကျွေးမိခဲ့တဲ့စေတနာတွေကို
ဇွန်းကြီးကြီးနဲ့ခပ်ပြီးပါးစပ်ကြီးကြီးထဲသိမ်းကျုံးကာ
ထည့်သွားကြတယ်...

ပြီးရင်တော့..

"ဝေါ့"
မင်းစေတနာတွေကစေတနားအခါးကြီးလို့ပြောပြီး
အန်ထုတ်သွားကြတယ်

"အား"
မင်းစေတနာတွေကိုငါ့ကျေးဇူးတရားတွေနဲ့လဲလှယ်
ပေးရမယ်မှန်းမသိခဲ့ဘူးဆိုပြီးအသံနက်နက်ကြီးတွေ
နဲ့အော်..အနားကနေရှောင်ဖယ်သွားကြတယ်

"ထွီ"
အသုံးမတည့်တော့တဲ့မင်းစေတနာတွေငါ့အတွက်
မလိုတော့ဘူးဆိုပြီး..တံတွေးလှည့်ထွေးသွားကြတယ်

အရောင်အမျိုးမျိုးဆိုးပြီး..စေတနာကိုခြေရာနဲ့တိုင်းသွား
ကြတာ

ခုတော့...
နွားခြေရာခွက်မှာနှာခေါင်းပေါ်ရုံလေးပဲကျန်တော့တယ်
.
.
.
26.8.2016

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now