အလွမ်း နဲ့ မျက်​ရည်

228 13 2
                                    

အလွမ်း​ရေ...
ငါနဲ့ဘယ်​နှစ်​မိုင်​​ဝေး​သေးလည်း
နှလုံးသားစစ်​​မြေပြင်​မှာ
မျက်​ရည်​​က
တိုက်​ပွဲဝင်​ခဲ့​တော့
ဒီညမှာလည်း
အရင်​ည​တွေလို နှလုံးသားက
မျက်​ရည်​နဲ့ယှဉ်​တွဲကာ
အိပ်​ခဲ့တယ်

ဒီလို​လေ...ချစ်​သူ....

ငါသတိရတာ​တွေ
မင်းကို​ပြောပြဖို့
ငါ့မျက်​ရည်​ပုလဲနုက
ကမ်းပါးပြိုသလို၊ပြိုဆင်းလာတာ
အိပ်​ယာနဲ့​ဝေးတဲ့ည​တွေရှိ​ပေမယ့်
မျက်​ရည်​နဲ့​ဝေးခဲ့တဲ့ည​ဆိုတာ
ငါ့အလွမ်းရာဇဝင်​မှာ
မရှိခဲ့တဲ့အ​ကြောင်း
ဒါ​​လေး​တော့..​မင်းကို​ပြောပြပါရေ

(နွယ်​...fic)

အ​တွေး၊စိတ်​ကူးကဗျာများNơi câu chuyện tồn tại. Hãy khám phá bây giờ