အမှန်တကယ်တော့လည်း
ငါနာကျင်ခဲ့တာပဲ.....
ဒါပေမယ့်..
ငါ့ဒဏ်ရာသေးလား ကြီးလား ဆိုတာ
တိုင်းတာဖို့ခက်နေပြန်တယ်...အရွယ်စားမတူညီတဲ့
ညှီစို့ပုပ်အက်တဲ့ဒဏ်ရာတွေ...
သူတို့ငါ့ဘဝထဲကို...
သွေးတိုးစမ်းဖို့အတွက်
ဖက်လဲတကင်းရောက်ရောက်လာကြတယ်...
မကြိုဆိုပါပဲ..အရောတဝင်လာနေ နေကြတယ်သူတို့နဲ့ရင်းနှီးကျွမ်းဝင်အောင်ပေါင်းရင်း
နောက်တော့....
အသားကျတဲ့သူငယ်ချင်းတွေဖြစ်သွားကြတယ်
လာချင်းကောင်းတဲ့သူတွေမဟုတ်တော့....
ငါ့ဘဝထဲဝင်မလာဖို့
သူတို့ကိုနားလည်အောင်ပြောချင်တယ်...ငါဟာအိမ်မက်တွေနဲ့ ပြည့်နေတဲ့
လူတစ်ယောက်ဆိုတာကို သူတို့ကိုသိစေချင်တယ်
သူတို့ကြောင့်...လမ်းတဝက်မှာ
ရပ်တန့်ငေးရီပြီး ခိုင်ခန့်လှတဲ့
အိမ်မက်တွေကို လွတ်ချခဲ့ရပေါင်းများပြီလေအလင်းရောင်ခြည်ကြောင့်...
ကောင်းစွာမြင်နေရတဲ့ငါ့အနာဂတ်ကို
တစ်ခါတစ်ခါ....
သူတို့ဝင်ဝင်ပြီးအမှောင်ချသွားကြပြန်တယ်အမှောင်ထုထည်ကြီးတဲ့
မမြင်မစမ်း တွင်းနက်ကြီးထဲမှာဒါဟာ ကြိုးစလား...
ဒါဟာ မြက်ခြောက်လား...လို့တောင်
မသဲကွဲပဲ...ငါ့လွတ်လမ်းအတွက်
အသက်လုနေရချိန်...။လွတ်မြောက်ရာကို
ဆက်လျှောက်ဖို့အားခဲနေစဉ်မှာ
မှောင်နေတဲ့တွင်းနက်ထဲ
ခဲလုံးတွေတစ်လုံးပြီးတစ်လုံး
လက်သီးတွေတစ်လုံးပြီးတစ်လုံး
ပစ်ထည့်သွားကြပြန်တယ်ချောင်ပိတ်မိနေတဲ့တွင်းနက်ထဲ...
ကောက်ရိုးမျှင်နဲ့ တူတဲ့အရာမှန်သမျှကို
မြဲမြဲဆုပ်ကိုင်ရင်း ကြွေလွင့်ပေးခဲ့ရတဲ့
ငါ့အိမ်မက်ကြယ်ပွင့်တွေကိုလွမ်းမိတယ်။နွန်း
13.2.2017
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...