ပရမ်းပတာ အိမ်​မက်

101 8 0
                                    

နယ်ကျွံသွားတဲ့ခြေရာတွေ ပြန်နုတ်ဖို့ကြိုးစားတော့ငါ့အရှေ့မှာ ရပ်စောင့်လို့ သူက ပြုံးပြတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


နယ်ကျွံသွားတဲ့ခြေရာတွေ ပြန်နုတ်ဖို့ကြိုးစားတော့
ငါ့အရှေ့မှာ ရပ်စောင့်လို့ သူက ပြုံးပြတယ်။

သေမင်းရဲ့အပြုံးဟာ အစွမ်းကုန်နုဖတ်ဖူးပွင့်နေပြန်တယ်
ကရုဏာရှင်တစ်ယောက်ရဲ့မျက်ဝန်းအလား....

အငွေ့ပျံလွယ်တဲ့ဆောင်းမှာ..
အစစ်အမှန်ဝါးမျိုခြင်းခံလိုက်ရတာက

ငါ့ရဲ့ချိုမြိန်တဲ့အိမ်မက်တွေကို
ရက်ရောစွာနဲ့သူ့ဆီထည့်ပေးလိုက်ရတာပါပဲ။

.
.
.
14.8.2016

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now