ဘဝရဲ့ကိန်းညွှန်းများ

176 6 0
                                    

သဘာဝရဲ့ အလှအပ​တွေလည်း နွမ်း​စောကြပြန်​မရတဲ့ ဘဝ​တွေကိုလည်း လွမ်း​မောကြရင်​ဘတ်​က အချိန်​နာရီရဲ့ ​စောင့်​သံကဦး​နှောက်​ နံရံကိုလာမှန်​လို့သဘာဝတရားကြီးက အချက်​​ပေး​ခေါင်း​လောင်းထိုး​လိုက်​ပြီ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


သဘာဝရဲ့ အလှအပ​တွေလည်း နွမ်း​စောကြ
ပြန်​မရတဲ့ ဘဝ​တွေကိုလည်း လွမ်း​မောကြ
ရင်​ဘတ်​က အချိန်​နာရီရဲ့ ​စောင့်​သံက
ဦး​နှောက်​ နံရံကိုလာမှန်​လို့
သဘာဝတရားကြီးက
အချက်​​ပေး​ခေါင်း​လောင်းထိုး​လိုက်​ပြီ

လူ​တွေ...လူ​တွေ
သွားတယ်​...လာတယ်
ပေးတယ်​...ယူတယ်
တစ်​ချို့ကသမင်​လည်​ပြန်​နဲ့
အကြည့်​​တွေကနူးညံ့တယ်
တချို့ကခြ​င်္သေ့လည်​ပြန်​နဲ့
အကြည့်​​တွေကကြမ်းတမ်းတယ်

သဘာဝတရားရဲ့
ပြက္ခဒိန်​ကိန်းဂဏန်း​တွေ​ပေါ်
အတူတကွ​လျှောက်​ကြရင်း
ဘယ်​သူက​မေတ္တာတရားကို
သွန်​ချခဲ့ပြီးပြီလည်း
အစည်း​ပြေ​နေတဲ့အတ္တ​တွေကို​ရော
ဘယ်​သူ​က​စီး​နှောင်​ခဲ့ပြီးပြီလည်း

လူ လူချင်း...
အ​ရောင်​​သွေးစုံ​နေတဲ့စိတ်​​ပေါ်
တစ်​​ရောင်​ထဲပန်းချီကား
ဘယ်​သူ​ရေးဆွဲခဲ့ပြီးပြီလည်း...
သိက္ခာတရား၊​မေတ္တာတရား​တွေ
တ​တောလုံးကိုဖူးပွင့်​လိုက်​စမ်းပါ

အပြန်​ခရီးမှာဘာမှယူမသွားနိုင်​တဲ့
ငါက​တော့...ချစ်​ခင်​ မြတ်​နိုး
နှစ်​သက်​ရတဲ့သူ​တွေတွက်
တ​ရောင်​တည်းနှလုံးသားကို
ထာဝရ​ပေးဆပ်​နှင်းအပ်​ခဲ့သည်​သာ..........

Leader kim suho
21.6.2016

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now