"အက်သံ"

71 4 2
                                    

ရင်ခုန်နှုန်းတွေမြန်လာရင်
သစ္စာဖောက်တာတဲ့....
ထီကနဲ...စီကနဲ
အမှိုက်စကားတွေ
လာ..လာ..မပြောစမ်းပါနဲ့

ဒရွတ်တိုက်ထမ်းလာတဲ့
ငါ့သစ္စာရှိမှုတွေ
ဇိုးကနဲ...ဇာတ်ကနဲ
မင်းရှေ့မှာရိုက်ချိုးပစ်လို့ရတယ်

မခိုင့်တခိုင်စိတ်ကလေးနဲ့
မနိုင့်တနိုင်ငါ့အချစ်ကို
လာလာမယှဉ်စမ်းပါနဲ့

ချစ်ခြင်းတရားတွေ
သေပွဲဝင်အောင်
ငါ့အသက်ရှူသံတွေ
အပြီးတိုင်ရပ်ထားလိုက်လို့ရတယ်။

27.12.2016
Noon

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now