အလွမ်းများနဲ့...ခရီးထွက်​ခြင်း

95 7 1
                                    

ကိန်းဂဏန်း ပွင့်​ဖတ်​​တွေဟာပြက္ခဒိန်​  ရိုးတံမှာကြာကြာမမြဲဘူး တလွင့်​လွင့်​နဲ့ ​လေထဲ​ဝေ့ဝဲ​ကြွေ​နေပြီ။အလွမ်းအပူ​မီးကြောင့်​ ကျွမ်းမြှိုက်​သွားရှာတဲ့ အလွမ်းသည်​ လက်​​ရေးဝိုင်းဝိုင်း ​တွေဟာ  ဒိုင်​ယာရီစာအုပ်​​လေးရဲ့တစ်​​နေရာမှာတသဲ့သဲ့နဲ့​ လော...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကိန်းဂဏန်း ပွင့်​ဖတ်​​တွေဟာ
ပြက္ခဒိန်​  ရိုးတံမှာကြာကြာမမြဲဘူး
တလွင့်​လွင့်​နဲ့ ​လေထဲ​ဝေ့ဝဲ​ကြွေ​နေပြီ။

အလွမ်းအပူ​မီးကြောင့်
ကျွမ်းမြှိုက်​သွားရှာတဲ့
အလွမ်းသည်
လက်​​ရေးဝိုင်းဝိုင်း ​တွေဟာ 
ဒိုင်​ယာရီစာအုပ်​​လေးရဲ့တစ်​​နေရာမှာ
တသဲ့သဲ့နဲ့​ လောင်​ကျွမ်း​လို့ကောင်း​ဆဲမို့
နောက်​ထပ်​ဒိုင်​ယာရီစာအုပ်​​လေးဆီ
ခရီးချဲ့တွင်​နေကြပြီ။

မ​ရပ်​မနား​ပြေးလွှား​နေကြတဲ့
အချိန်​​တွေဆိုတာ ...
ပြန်​မလာသူကို မျှော်​ရလွန်းလို့ 
မောပန်းလာကြပြီတဲ့
ထိုအချိန်​​နာရီ​တွေဟာ
သစ်​ရွက်​တစ်​ရွက်​ဖြစ်​ခဲ့မယ်​ဆိုရင်
ဆောင်းကုန်​သွားလို့ ​နွေးဦးစမှာ
နေပူမိ နွမ်း​ကြေတဲ့​ရော်​ရွက်​လို
တဖွဲဖွဲနဲ့​ကြွေကျ​နေ​လောက်​ပါပြီ။

ကောက်​ယူ​ပေးလှည့်​ပါ။
ရက်​​...ကြွေ​နေ့​တွေကို။

အချစ်​စကားပန်း​တွေ
ထပ်​ပြီး​ ဝေ​မွှေးကြူ​စေဖို့၊

ပန်းရိပ်​မှာ
မွေ့​ပျော်​တက်​တဲ့
လိပ်​ပြာ​လေးအတွက်
ရင်​ခွင်​တစ်​ခု ဖြစ်​တည်​ချင်​လို့။

သစ်​ရိပ်​မှာ 

မော​ဖြေ တက်​တဲ့

ငှက်​တစ်​​ကောင်​ရဲ့
နားခိုရာ မူပိုင်
သစ်​တစ်​ပင်​အဖြစ်
ရပ်​တည်​​ချင်​လို့။

နင်​ပျံသန်းရာ​တောင်​ပံတစ်​စုံမှာ
ငါ့ သစ္စာရှိမှု​တွေထမ်းပိုးပြီး
လေဆန်​မှာ
အ​တောင်​တဖျပ်​ဖျပ်​ခတ်​ပြီး
ငါ့ဆီပျံသန်းလာ​ပေးပါ။
.
.
.
10.10.2016
နွန်း(နွယ်​ fic)

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now