"လမင်းရိပ်​က ​ဝေးတဲ့ကြာ"

61 2 1
                                    

ဒီအပြုံးတွေပေါ့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒီအပြုံးတွေပေါ့...
တစ်ချိန်က ငွေကြယ်လို တောက်ပခဲ့တာ
လမင်းလို လူကြောင့် ကြာတစ်ပွင့်ရဲ့ဘဝခမ်းနားခဲ့ဖူးတယ်

ရုတ်တရက်... လရောင် ပျက်ကျတဲ့နေ့မှာ
ပြဿဒါးလိုပူတဲ့ နေရောင်တွေထဲ 
ကြာလေးတစ်ပွင့် အသက်ရှု ကျပ်ခဲ့တယ်....

ဘဝ အတက်အလက်တွေကြားမှာ..
နွံတွေကအထပ်ထပ် ရစ်ပတ်
ရုန်းလေ နစ်လေ ဖြစ်ခဲ့ရဲ့

လမင်းရဲ့ ထွက်မသွားခင် ဟောတဲ့ နိမိတ်လား
သိပ်မှန်ခဲ့တယ်...

လမင်းလည်းပျောက်..အနာဂတ်လည်းမှောက်
လမင်းကသွေဖယ်..ရှေ့ရေးတွေ နေကွယ်ခဲ့တာ
ကြာတစ်ပွင့်ရဲ့အမြစ် အခက် တွေလေ
အခုထိ ရွှံ့ညွှန်ထဲမှာပဲ ရှိနေသေးတယ်

ပြက္ခဒိန် ကိန်းဂဏန်းနဲ့
နေ့ရက် အသစ်အဆန်းတွေ ကြားမှာ
အခန်းဆက်တွေ တစ်ခုပြီးတစ်ခု ပြောင်းသွားပေမယ့်

မပြောင်းလဲနိုင်သေးတဲ့ ဟောဒီ အခန်းထဲမှာ
လရောင် ကိုမျှော်ရင်း ငိုကြွေးနေတဲ့
အရောင်မှိန် ကြာတစ်ပွင့်က ခုထိရှိနေသေးတယ်

လရောင်အိုကို မျှော်ရင်း
ညအခါ လသာသာ ဆိုတဲ့ စကားလေးကို
ကြာပွင့်လေး မရွတ်ဖြစ်ခဲ့တော့တာ အခုချိန်ထိပါပဲ..။

နွန်း
17.6.2017

၇ လပြည့်ခဲ့ပြီ...မနေ့ကလိုပဲရှိနေသေးတယ်
အခုထိ အဖွားကသမီးဘေးနားမှာရှိနေသေးတယ်လို့
ထင်နေမိတုန်း..
ခွဲသွားတယ်ဆိုတာကို မယုံဘူး..
ထားသွားတယ် ဆိုတာကိုမယုံဘူး..
အဖွားရဲ့မေတ္တာ၊အဖွားရဲ့ရင်ငွေ့တစ်သက်လုံးလိုချင်
ခဲ့တာပါ....နောင်ဘဝကျရင်အဖွားနဲ့ပြန်ဆုံပါရစေ။
အဖွားလိုမေတ္တာများတဲ့အရိပ်အောက်မှာတစ်သက်လုံး
ခိုလှုံပါရစေ...အရမ်းချစ်တယ်...

#My hero is grandmother

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now