ကျောခိုင်းသွားတိုင်း မျက်ရည်ဝဲရတယ်
လေညှင်းရဲ့အပေါ်ယံထိတွေ့မှုကိုတောင်
အခုထက်ထိ သူလို့ ထင်ယောင်ထင်မှားနဲ့....
ဟောဒီ သစ်ပင်အောက်...
သူ့စကားတွေနဲ့အပြိုင် သစ်ရွက်စိမ်းတွေတောင်မှ
နှလုံးသားရဲ့ဆန့်ကျင်ရာ ဘက်ကို
ခေါင်းထောင်ကာ ဦးမော့တက်နေပြီ....မျက်ရည်တွေ အပြိုင်ကျဲရင်း
တကြော့ကြော့လွင့်နေတဲ့ ဂတိတွေကို
ခဲရာခဲဆစ် လိုက်ဖမ်းနေရတော့
ရင်ထဲက နာကျင်မှုရိုးတံတွေတောင် ငါ့နှလုံးသားအဖူးအညွှန့်မှာ
သွားသွားချိတ်ကုန်တယ်....အခုတော့...ဒီ သစ်ပင်အောက်..
ငါ မဝံ့မရဲ ပြန်ကြည့်မိတော့..
မာယာနဲ့စပ်ဆိုထားတဲ့
မုသားသံစဉ်တစ်ပုဒ်ရယ်
မျက်ရည်နဲ့ တီးခတ်ထားတဲ့
လွမ်းချင်းကဗျာတစ်ပုဒ်ရယ်ပဲ ကျန်ခဲ့တော့တယ်...
.
.
.
.
12.11.2016
နွန်း
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...