ဖြစ်​ရိုးဖြစ်​စဉ်​ အစီရင်​ခံစာ

112 7 0
                                    


အသက်ပေါင်းများစွာက
စစ်ပွဲထဲမှာအရင်းအနှီးလုပ်တယ်
ရလာမယ့်ငြိမ်းချမ်းရေးအမြတ်က
ရှုံးမှာလား၊မြတ်မှာလား
ဘယ်သူမှမမြင်တဲ့တစ်နေရာ
ဂဏန်းပေါင်းစက်တစ်လုံးနဲ့
အရှုံးမြတ်တွက်တဲ့သူရှိတယ်။

စစ်ပွဲထဲ....
ပျောက်ခဲ့တဲ့အသက်ကို
မြေလှန်မရှာဘူး
မရေရာတဲ့အကျိုးအမြတ်ကျ
အောက်တန်းကျကျ
သွေးဆာတက်တယ်။

မိုးကောင်ကင် အပေါက်အပြဲကနေ
အလကားထွက်ကျတဲ့လေကိုရှုပြီး
ကျေးဇူးတရားဆိုတဲ့စကားလုံးကို
ပါးစပ်ထဲသိမ်းကျုံးထည့်
လုပ်ရက်ကျအမှားတွေပေလို့
အောက်မကျို့မိတာလေးတစ်ခုနဲ့
လူ့အခွင့်ရေး၊လူ့ဂုဏ်သိက္ခာလို့
ပါးစပ်ဝပြောင်းတပ်ထားသလို
ဒလိမ့်ကောက်ကွေး ကွေး
ကုန်းအော်နေကြတယ်။

အရေခွံအဟောင်းကြီးနဲ့မို့
ပျောက်နေတဲ့ကိုယ့်ကိုကိုယ်တောင်
ပြန်မရှာတက်ကြတော့ဘူး
ဆုံးမစာကိုတောင်
အဆင့်မရှိပြက်လုံးနဲ့
ထင်ယောင်ထင်မှားဖြစ်ကြတယ်
ကိုယ့်သေတွင်းကို
ခပ်နက်နက်တူးမိသူတွေပေါ့။
.
.
.
.
31.7.2016

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now