"စစ်​ပွဲရယ်​သံ "
159 2 3
ဆုရကဗျာ​လေးပါဆရာ​တွေကြားမနည်းလုခဲ့ရတဲ့ဆု​လေးတစ်​ဆုပါ
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဆုရကဗျာ​လေးပါဆရာ​တွေကြားမနည်းလုခဲ့ရတဲ့ဆု​လေးတစ်​ဆုပါ....
................................................................
"စစ်​ပွဲ ရယ်​သံ"
ကျည်​စ​တွေ​ ဘောင်​ကွပ်​တဲ့ ဒုက္ခသည်​ စည်းရိုးမှာ
ပန်းပွင့်​တာ မမြင်​ဖူး​ပေမယ့်
ဒုက္ခ တွင်းအိုထဲက ဘဝ ​နေပြိုသွားတဲ့
သားသည်​အ​မေ တစ်​​ယောက်​ရဲ့ ဘဝမှာ
ရေအိုး ခွဲဖူးပြီ
ကြေးစည်​ ထုဖူးပြီ
သပိတ်​သွပ်​ တရား နာဖူးပြီ
မာဆတ်​ဆတ်​ ထမင်းခဲကို
ဆားတစ်​ပွင့်​နဲ့ ဟင်း သဏ္ဍန်​လုပ်
မျက်​ရည်​နဲ့​ ရောထုပ်
သွေးအလိမ်းလိမ်း ထွက်​လာတဲ့ ညည်းသံမှာ
အ​မေက ညည်းတာလား
သားက ညည်းတာလား ဆိုတာ
ထမင်းထုပ်​ပဲ သိလိမ့်​မယ်
ပန်းပွင့်​တွေ စိစိညက်​ညက်​​ ကြေမွ​အောင်
မြေကြီးကို ကန္တာရအဖြစ်​ ဖန်​တီးတဲ့ စစ်
ဒါ....မျက်​​မှောက်​​ခေတ်​ စစ်​...။
ဦးတည်​ရာမဲ့တဲ့  နေ့တွေမှာ
ရင်​ဘတ်​စည်​တီး​တဲ့ စစ်​​မြေပြင်​က
အနိဋ္ဌာ အာရုံ​တွေကို လှမ်းလှမ်းဆွဲ
ငယ်​သံပါတဲ့ ငိုချင်း​ကို ​ရေရွတ်​​စေ ပြီး
မရဏ ​အတောင်​ပံ ဖြန့်​​နေတဲ့ 
သေမင်းရဲ့ခံတွင်းဝမှာ
အသက်​ရှင်​ခွင့်​​ကို တောင်းပေမယ့်
က​လေးငယ်​ တစ်​​ယောက်​ရဲ့ဖခင်​က​တော့
ကျည်​ခင်းတဲ့ လမ်းက​နေ
ပြန်​မလာ​တော့တာ ​သေချာပြီ
တိုက်​ပွဲပြီးစ စစ်​​မြေတလင်းလို
အဖမဲ့ က​လေး​ရဲ့ အနာဂတ်
အနား​စတွေ ဖွာလန်​ကျဲလို့
ဘဝ​တွေ ငိုသံ မစဲ​တော့ဘူး
ကံဆိုးမသွားရာ မိုးလိုက်​လို့ စ ရွာခဲ့ပြီ....။
ပြည်​တခွင်​ ကျည်​ဆံ​တွေ ဖြာသမျှ
ဒီအသံ​တွေ နားစည်​မှာ သာ​နေသမျှ
ဘဝအလင်း​တွေ ခဏခဏ သင်းကွပ်​ ခံရမယ်
ပစ်​ခတ်​တဲ့ မုန်​တိုင်းကြား
ထိတ်​လန့်​ဖွယ်​ အ​ကြောက်​ တရား​​တွေကို
ကတုတ်​ကျင်းထဲ သိမ်းကျုံးထည့်
ပုံပန်းပျက်​ ဘဝနဲ့
ကမ္ဘာဖျက်​​ လောင်​စာ​ကြောင့်
ဓားစာခံ မျက်​ရည်​​ စတွေ
စစ်​​ပြေးဆိုတဲ့ ဒုက္ခသည်​ စာရင်းထဲ
တဖြည်းဖြည်း တိုးဝင်​သွားကြတာ
၂၁ရာစု မုဆိုးမ​တွေ အဖြစ်​နဲ့....။
မျက်​​မှောက်​​ခေတ်​.......စစ်​မို့
ချီ​လေတဲ့ စစ်​သည်​ကြားမှာ
စစ် ​မြင်း​တွေ မဟီ ၊ စစ်​ လှံ​တွေ မကျဲ
စစ်​ မြှား​တွေ မ​ဝေ ပါပဲ
ယမ်း​မိုးတွေ သဲသဲမဲမှောက်
သူ့ထက်​ငါ အပြိုင်​ ပစ်​​ဖောက်​လို့
သင်​ပုန်းနဲ့ မစခဲ့ရတဲ့ ဘဝ​က
အင်္ဂါမစုံ​ ခြေ လက်​ တစ်​ဖက်​နဲ့ စတာမို့
ရင်​ထုကာ ပူ​ဆွေးသံ​တွေက
ကမ္ဘာ့​ကျောကုန်းမှာ မြိုင်​မြိုင်​စည်​​ နေတယ်
ငြိမ်းချမ်း​ရေးဆိုတာ သူတို့ရဲ့ မှတ်​ဉာဏ်​ထဲ
အတိတ်​ဆိုး အဖြစ်​ ထည့်​သွား​ပေးတဲ့...စစ်​....။
သေမိန့်​ချသူ ဘယ်​သူမှန်းမသိ
ပစ်​လိုက်​တဲ့ ကျည်​​တစ်​ထောင့်​မှာ
ကလန်​ကဆန်​​ သေမင်းရဲ့ အပြုံး​ကြောင့်
အနာဂတ်​မဲ့လူတန်းစား ရင်​ကို ထိုး​ဖောက်
ဒေါထန်​တဲ့ အရှိန်​နဲ့
မရဏယန္တရား​ တောင်​ပံခတ်​လာတဲ့
စစ်​ပွဲရဲ့..ရယ်​သံ​အောက်​မှာ
အသက်​မဲ့ လူတန်းစား တွေရဲ့​ ​ငိုသံ​က
အ​မှောင်​ကမ္ဘာထဲ ခုထိ ကူးလူး ရှိုက်​ငို​နေကြတုန်း.....။
နွန်း
အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now