"သင်းကွဲငှက်"

80 5 0
                                    

ငှက်​​တောင်​မှ ငါဟာသင်းကွဲငှက်​မင်းရင်​ခွင်​နဲ့​ဝေးတဲ့အခါအ​တောင်​​ခတ်​တာကစကသုတ်​ကရက်​နိုင်​တယ်​။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ငှက်​​တောင်​မှ ငါဟာ
သင်းကွဲငှက်
မင်းရင်​ခွင်​နဲ့​ဝေးတဲ့အခါ
အ​တောင်​​ခတ်​တာကစ
ကသုတ်​ကရက်​နိုင်​တယ်​။

လေ​ပြေ ထိတာကအစ
နှလုံးသားက အက်​ကွဲလွယ်​တယ်​။

အနားစ​တွေဖွာ​နေတဲ့ ပြဇာတ်​ရုံမှာ
ခမ်းခမ်းနားနားဗိသုကာရုပ်​ကို
ခမ်းကျင်းပြရသလိုပဲ....

ငါ့​တောင်​ပံနဲ့ငါ့နှလုံးသားဟာ
အခုထိ...​သင်းကွဲငှက်​တစ်​​ကောင်​ရဲ့
လှောင်​ချိုင့်​ထဲပိတ်​မိ​နေတုန်း။
.
.
.
.
26.9.2016
နွန်း

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now