"ဆရာကြီး​ဒေါင်းနွယ်​​ဆွေသို့..."

103 6 4
                                    

စာဖတ်​သူဘဝ
ပန်း​ကြွေပမာ
ဖူးငုံတံမှာ
ကြာကြာမမြဲ
အလကာင်္​မြောက်
စာလှိုင်းဂယက်​​ကြောင့်
စာချိုး တိုက်​စား
ထိုသစ်​ပင်​သည်
ရသ ကြိုးနွယ်​ချည်​ပါ​သော်​လည်း
တယိမ်းယိမ်းလှုပ်​ခါ
ထကြွအုံလို့
ပင်​ယံဖျားကပန်းပွင့်​ငယ်​သည်
ကိုင်းထက်​မင်းမူ
မစိုးနိုင်​ပဲ
ယိမ်းနွဲ့​လေဆန်
ကိုင်းထက်​ဖျားမှ
မြေပြင်​​ပေါ်သို့
တရစ်​ရစ်​ဝပ်​ဆင်း
ကဗျာ့​ခြေရင်းသို့
လွင့်​စင်​​ကြွေကျ
မြေမှာပြန့်​ကျဲ
ဖွေး​ဖွေးတည်း။
ပန်းလွှာဝတ်​ရုံ
အလွှာစုံသည်
ဆရာ၏​ခြေရင်း
ယို့ကျိုးဦးခိုက်
ကန်​​တော့ပါသည်​။
ဆရာကြီး​ဒေါင်းနွယ်​​ဆွေသို့တည်း။

.
.
.
5.10.2016
နွန်း
.
.
.
ဆရာကြီး​ရေးထားတဲ့စာအုပ်​တစ်​အုပ်​ကိုဖတ်​လိုက်​ရတဲ့အချိန်​မှာ...ဖတ်​​နေတုန်း​ရောဖတ်​ပြီးချိန်​​ရော..
ဒီကဗျာ​လေးထဲကပန်းပွင့်​​လေးလိုပဲဖြစ်​ခဲ့ရတယ်။ဆရာကြီးရဲ့ကဗျာစာချိုး အ​ရေးအဖွဲ့ ​တွေဟာ
အလွန်​စား​ကောင်းတဲ့ဟင်းတစ်​ပွဲလိုပဲအစပ်​အဟက်
တည့်​လှတယ်​......မြန်​မာမှာ ဒီလိုစာ​ရေးဆရာကြီး
တွေ​ကြွေလွင့်​​စောရတာ...အရမ်းနှ​မြောမိပါတယ်​။
ဆရာကြီးရဲ့..စာကိုဖတ်​​နေရချိန်​မှာတလှိုက်​လှိုက်
ဖြစ်​​ပေါ်လာတဲ့သမီးရဲ့စိတ်​ခံစားချက်​​ကို ကဗျာ
ရေးစပ်​ပြီး ဆရာကြီးကိုရို​သေစွာရှစ်​ခိုးကန်​​တော့
အပ်​ပါသည်​။

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now