"အလွမ်းလင်္ကာ ..၂"
61 4 0
ဒီ​နေ့ ကဗျာတစ်​ပုဒ်​တင်​မိ​တော့စီနီယာအစ်​ကိုဆရာတစ်​​ယောက်​က ပို့စ်​ရဲ့​အောက်​မှာ ကဗျာရဲ့​နောက်​ဆက်​တွဲအစပ်​ကိုမန့်​မှာလာမန့်​တယ်
ကိုကလည်းသူမန့်​တဲ့ကဗျာ​ရဲ့နောက်​ဆက်​တွဲကိုပြန်​​ရေးပြီးပြန်​မန့်​လိုက်​တယ်​..အဲ့​တော့နှစ်​​ယောက်​​ပေါင်း​ပြီးကဗျာရှည်​​လေးတစ်​ပုဒ်​ရသွားတယ်​.....ချစ်​တို့​ရေ​ဖတ်​ကြည့်​​ပေး​နော်​....။
"အလွမ်း အလင်္ကာ "
အချစ်ကြီးသူတို့ရဲ့အလင်္ကာမှာ
မျက်ရည်က ဆေးမှင်ရည်ဖြစ်ရတယ်။
တစ်ခါတရံ...
နှလုံးသားက အဖျားအနာထူလို့
ရင်ခုန်သံ ဇာပနပွဲကို တက်ရတဲ့အခါ
ဖိနပ်မပါပဲလည်း သွားချင်သွားရတက်တယ်။
ရင်ခုန်စရာတွေဆိတ်သုဉ်းလို့
ရင်မခုန်ရတဲ့အချိန်မျိုးမှာတောင်
အလင်္ကာထဲကချစ်သူကို
လွမ်းတက်ရင်လွမ်းရသေးတာပဲ။
အလွမ်း ဆိုတာကို
အလွမ်းကျကျလေး လွမ်းတက်ခဲ့မယ်ဆိုရင်
ထိုအလွမ်းကလည်း
အလင်္ကာရဲ့စာမျက်နှာထက်မှာ
လှပချင် လှပနေမှာပဲလေ။
                                       နွန်း    
မ လှ ပ ရင် နေ ပါစေ
အလင်္ကာ စာတွေ နဲ့ ငါ တကယ် လွမ်း
တမ်းတ လို့  မက် မပြေ
အတိတ် တွေ ဆိတ်သုဉ်း ပျောက်
ပစ္စုပ္ပန် အတွက်  ခရီး ရှည်
သံသရာ  ဗလာ နဲ့ ခရီးဆက်
ဈာပန ပွဲ အတွက်  ပြင်ဆင်လည်း
နှလုံးသား က ဖျားနာ
ရင်ငွေ့ အပူ ပျောက်
အမော ဖေါက်  လို့နွမ့်း့
                                    Pann Thu Mae                              
နွမ်းရင်​မှာ ကျွမ်း တာက​ မေ့ အသည်း​ပါ
လွမ်း ကမ္ဘာမှာ ကျန်​ သူက အပူမီး​ တောက်​တာပါ
သည်း နှစ်​လွှာ ရွက်​စွယ်​​တော်​မှာ ​အလွမ်း​ တွေ
အစုပ်​လိုက်​ ဝေရင်း...
သံသရာမှာ အဆံ​ မပါတဲ့ ရင်​ခွင်​ဗလာ နဲ့
သမိုင်း တွင်​ချင်​တယ်​....။
မှိန်​​ ဖျော့ရိ အက်​လာတဲ့ ပစ္စုပ္ပန်​ အနားဝါ ထဲ
ရင်​​ငွေ့ အပူ​ပျောက်​ ​​အမော​ဖောက်​​လာ တဲ့
နှလုံးသား ဈာပနကို
နွမ်းစစ အလွမ်းလှလှ​လေး လွမ်း​စေဖို့
ကြေမွပျက်​​ ပြိုရဲ့ရဲ့ အလကာင်္ထဲ
မျက်​ရည်​ကို ​ဆေးမှင်​ရည်​ ထိုးရင်း
ဖိနပ်​မပါပဲ မျှောလိုက်​တယ်​...
(​သြော်​..​အချစ်ကြီးသူရဲ့. ​​အလင်္ကာထဲ
မျက်​ရည်​က ဆေးမှင်ရည် ဖြစ်​ရတယ်​...
............ဆေးမှင်ရည် ဖြစ်​ရတယ်​...)
                                       နွန်း
(အစ်ကိုဆရာနဲ့နှစ်ယောက်ပေါင်းလက်ရာ)👍👍😤
စီနီယာအစ်​ကိုဆရာရဲ့ လက်​ရာကို​တော့နွန်းမမှီပါဘူး...
အ​တွေး၊စိတ်​ကူးကဗျာများOnde as histórias ganham vida. Descobre agora