"​ရှင်​သန်​ခြင်း ရနံ့ရင့်​ရင့်​မှာ ​သွေးမတိတ်​ခဲ့တဲ့ဘဝ"

84 2 1
                                    

တတိယဆု​လေးရလာပါတယ်​လို့

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.

တတိယဆု​လေးရလာပါတယ်​လို့..​​ယေ့​ယေ့
ပျော်​ထှာ...အာဇာနည်​​နေ့မှာအမှတ်​တရ​လေးဖြစ်​ခဲ့ပြီ
ဆုရကဗျာ​လေးကိုအား​ပေးပြီး နွန်းနဲ့ဝိုင်း​ပျော်​​ပေးကြပါလို့👌👌👌😙😙😙😙

.......................................................

"​ရှင်​သန်​ခြင်း ရနံ့ရင့်​ရင့်​မှာ ​သွေးမတိတ်​ခဲ့တဲ့ဘဝ"

ဘဝဟာ ယားနာ​ပေါက်​တဲ့ အ​ရေးပြားလို
ကုတ်​​လေပဲ့​လေ ပွတ်​​လေ ပွန်း​လေနဲ့
အုံနာခ လာ​တောင်းတဲ့ ရာသီ​ပေါ်သီးနှံလို
မစိုက်​ပါပဲ ကွက်​​ကျော်​​မြေမှာ ဒဏ်​ရိုက်​ခံခဲ့ရ...။
စည်း​ဘောင်​မဲ့ အခွန်​​ပြေစာဟာ
ကတုန်​ကရင်​ လက်​နဲ့ မိတ်​ဆက်
နှစ်​တစ်​ရာ ​မြေ​ခွေးရဲ့အဟိန်းအ​ဟောက်​ထဲ
အငိုမျက်​လုံး အပြုံးရှင်​ရဲ့ သက်​ပြင်းက
ည​နေမှာ ဈေး​ပေါင်​​ကျိုးသလို ရိုက်​ချိုးခြင်းခံခဲ့ရ....။

မြူ​မှောင်​ ကင်းတဲ့ ရောင်​နီသစ်​ကို
အမြီးပဲရရ​..ခေါင်းပဲရရ..ထိ​တွေ့ချင်​​နေတဲ့
ရှင်​သန်​ခြင်းအပြည့်​နဲ့ ​အစာအိမ်​ဟာ
ဇာတာကို ရေလုံပြုတ် ငါးပိရည်​နဲ့​ ရောမြှပ်​လို့ 
မနက်​သစ်​တိုင်းကို သိမ်းကျုံး​ပွေ့ကြို​နေရရှာတယ်​..။

အိမ်​ပြန်​ချိန်​ ​သေလိုက်​ရှင်​လိုက်​ ခန္ဓာမှာ
ထော့ကျိုး​ထော့နင်း ရပ်​တည်​မှု​တွေက
အိမ်​ယာမဲ့..... တိမ်​တစ်​စုနဲ့
ခြေရာ​မဲ့....... လေဟာနယ်​​​တွေထဲ
မှိန်​ပြပြ မီးအိမ်​​​လေး တစ်​လုံးတောင်
ဟန်​လှလှ ထွန်း ပြဖို့မရှိတဲ့ ဘဝဟာ
အတ္တ​တွေမ​ခြောက်​​အောင်​ ဆီစွတ်​ရင်း
လ​ရောင်​တွေဘဝထဲ ဆန့်​မထွက်​ခင်
မီးညွှန့်​ပါ ကျိုးထွက်​ခဲ့ရတာ........။

တပ်​လှန့်​ခံ​ ခြေ​နှစ်​​ချောင်းက
ခေါင်းရွက်​ ဗြက်​ထိုး ​ဈေးသည်​လို
အာကြမ်းလျှာကြမ်း "ကျုး "​မြေမှာ
ခြေလွတ်​ လက်​လွတ်​ ​ခြေရာ​တွေထပ်
ဟန်​မပျက်​ ပန်​မပျက်​​ ​ဝေဒနာ​တွေနဲ့
ဘာ တရား အသိမှ မဝယ်​နိုင်​ခင်
အဟာရ သိဒ္ဓိ မြောက်​​အောင်
မျက်​နှာဖုံး​တွေ ဝယ်​တပ်​ရင်း
အရွယ်​လွန်​ မျက်​ရည်​​တွေ ကမ်းကပ်​နိုင်​ဖို့အတွက်
ချဉ်​ချင်းတပ်​ မ​ရောင့်​ရဲခြင်း​ တွေကို​​​တော့
သွေး​ဖောက်​စစ်​ဖို့​​ လိုလိမ့်​မယ်​............။

နွန်း

အ​တွေး၊စိတ်​ကူးကဗျာများحيث تعيش القصص. اكتشف الآن