"အတု​ယောင်​...ကဗျာ"

144 5 3
                                    

က​လောင်​သွား လက်​နက်​ကထက်​​ပေမယ့်​ ​ပေလွှာထက်​အနားဖြူစာရွက်​ကမှိန်​လွန်းတယ်​။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

က​လောင်​သွား လက်​နက်​က
ထက်​​ပေမယ့်​ ​ပေလွှာထက်
အနားဖြူစာရွက်​က
မှိန်​လွန်းတယ်​။

နှစ်​လွှာငုံဖူး နုရွတဲ့နှုတ်​ဖျားက
နွဲ့နွဲ့​နှောင်း ကဗျာကို
ရွေးသီ​နေပေမယ့်
မှိန်​လွန်းတဲ့ စာမျက်​နှာထက်​မှာ
ငါ့ စာသား ကဗျာ​တွေ
မှိုတက်​ခဲ့ရတယ်​။

စကားလုံးကို ကာရန်​ကြိုးမှာ
မြဲ​နေ​အောင်​ ချည်​​ပေမယ့်
ရသကရှာမ​တွေ့​တော့
နောက်​ဆုံးမှာ......
ကဗျာမပီ စာမပီတဲ့
အ​ယောင်​​ဆောင်
ကဗျာတစ်​ပုဒ်​သာ ရလိုက်​တယ်​။
.
.
.
25.10.2016
နွန်း


အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now