"ညည့်​ငှက်​"

63 3 1
                                    

ဝတ်​ရုံနက်​ကို ဆင်​မြန်းထားတဲ့ ​ကောင်းကင်​က
ဒီညမှာ ည​မွှေးပန်းတစ်​ပွင့်​လို နူးညံ့ခြင်းမရှိ....

မိန်းမတစ်​​ယောက်​ရဲ့မျက်​ရည်​လို
ညိမ့်​ညိမ့်​​လေးမစီးတဲ့​မြစ်​ထဲ
အ​သွေး​ရော အသား​ရော ချည်​လာတဲ့
ညည့်​ငှက်​ တစ်​​ကောင်​ဟာ
နှုတ်​တစ်​ဆာဆာနဲ့ ဖိုသံ​တွေ​ပေး​​နေ​လေရဲ့...

မိုးပြိုမှာ​​ ကြောက်​ပေမယ့်
လှစ်​ခါ​တဲ့ ဝမ်း​အတွက်
ကွေးညွှတ်​သွားတဲ့ မဲ့ပြုံး​တွေကို
အစီစဉ်​မကျလည်း ပြေး​ပြေးကြို​ကြ...

ညဉ့်​ငှက်​တစ်​​ကောင်​ရဲ့ အ​တောင်​​ဆိုတာ
မှောင်​ရိပ်​ထဲ​ ရောက်​ရင်
သူ့အလိုလိုကို ကျိုးထွက်​သွားတာ

(ကမ္ဘာပျက်​တယ်​ဆိုတာ...အဲ့ဒါကို​ခေါ်တာ.....)

နွန်း
4.9.2017

အ​တွေး၊စိတ်​ကူးကဗျာများTempat cerita menjadi hidup. Temukan sekarang