"ဦးညွှတ်​ပါတယ်​...၁၉ဂျုလိုင်​"

54 2 1
                                    

အသံအက်​​နေတဲ့မနက်​ခင်း​ရောင်​နီကြားစိုင်းညို့တဲ့တိမ်​စိုင်​လွှာ​တွေကညိုးငယ်​ခြင်းအသွင်​သဏ္ဍာန်​နဲ့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အသံအက်​​နေတဲ့မနက်​ခင်း​ရောင်​နီကြား
စိုင်းညို့တဲ့တိမ်​စိုင်​လွှာ​တွေကညိုးငယ်​ခြင်းအသွင်​သဏ္ဍာန်​နဲ့....
အော်​....ရာသီရဲ့သရုပ်
ဒါဟာ....ဂျုလိုင်​ရဲ့ဝမ်းနည်းခြင်းပြယုဂ်​တစ်​ခုဖြစ်​ရမယ်
အာဇာနည်​​နေ့​ရောက်​တိုင်း
ကိန်း​အောင်းတဲ့ဝမ်းနည်းစိတ်
မနိးရပဲနိုးကြွလာတာဟာ
ဂျုလိုင်​​ရေမင်းတစ်​​ယောက်​ထဲမဟုတ်
ဒါဟာတစ်​တိုင်းတစ်​ပြည်​လုံးဆိုတာကို​ပြောပြချင်​တယ်
လွတ်​လပ်​​ရေးအဟာရကို
ပြည်​သူ​တွေထာဝရစားသုံးဖို့
သွေးနီနီ​တွေအပြင်​အသက်​ကိုပါ
အားဖြည့်​​လောင်းခဲ့ကြတဲ့ကိုးဦးဇာနည်​ရဲ့
ပေးဆပ်​မှုသမိုင်းဟာ
နှစ်​​တွေကြာ​လေဆုံးရှူံးမှုထုထည်​အား​တွေ
ကြီးမားလာ​လေပါပဲ....
နှ​မြောမိတယ်​.....လဂျုလိုင်​​ရေ
ဂဠုန်​တစ်​သိုက်​ရဲ့ပတ်​ကြမ်းတိုက်​မှု​ကြောင့်
ဇာနည်​ကိုဦးရဲ့ဝိညာဉ်​ပန်း​တွေရာစုနှစ်​တစ်​ခုရဲ့
ပြက္ခဒိန်​​မြေ​ပေါ်က​နေလွယ်​လွယ်​ပြာ​ကြွေတိမ်း​ပါးခဲ့ရတာ
ခံရခက်​မိပါတယ်​လဂျုလိုင်​​ရေ.....
အ​မေ ​မေလှမြိုင်​ရဲ့ဂရုဏာ​ဆွေး လွမ်း​တေးသံဟာ
လဂျုလိုင်​အတွက်​​တော့.....အထိနာ​စေတဲ့ငှက်​တစ်​​ကောင်​လိုသီချင်းသံကြား​လေရင်​နာရ​လေပါ....

ပစ္စုပ္ပန်​ယခုကာလ တစ်​တိုင်းပြည်​လုံးကပြည်​သူ​တွေ
အိမ်​မက်​​တွေကိုထည်​လဲဝတ်​ဆင်​နိုင်​ဖို့....
စိတ်​ကူးနဲ့ဘဝ​တွေအ​မော​ပြေ​ချွေးသိပ်​နိုင်​ဖို့...
အမိနိုင်​ငံကိုကျွန်​လက်​​အောက်​ကဆင်းကယ်
နွံနစ်​ဘဝ​တွေကရုန်းဖယ်​​ပေးခဲ့တဲ့
နိုင်​ငံ့ဇာနည်​ ​ခေါင်း​ဆောင်​ကြီးများအား
စိတ်​ဝယ်​ရင်​တွင်းဥသြသံရှည်
မျှော်​မှန်း​ရှေ့ရှူ့ အ​တွေးပြုကာ အစဉ်​မ​မေ့
အ​လေးပြုပါတယ်​​လေ....။

နွန်း
19.7.2018




အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now