"လွမ်းသူတစ်​​ယောက်​၏ဒဏ်​ရာ"

103 3 0
                                    

နှိမ့်​သိမ့်​ဆုရကဗျာ​လေးပါ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နှိမ့်​သိမ့်​ဆုရကဗျာ​လေးပါ..ပြိုင်​ပွဲကသတ်​မှတ်​ထားတဲ့​ခေါင်းစဉ်​​အောက်​မှာပြိုင်​ခဲ့တဲ့ကဗျာ​လေးပါ
...............................................

"လွမ်းသူတစ်​​ယောက်​၏ဒဏ်​ရာ"

မှိုင်းညှို့လာတဲ့ဥတုအောက်
မာယာ​တွေ အဝယ်​လိုက်​​နေတဲ့
ဗီးနပ်​ရဲ့ရာဇသံမိုး​ကြောင့်
ပြာနှမ်း​နေတဲ့ နှလုံးသားကို
အချိန်​မှီ ထီး​ဆောင်း မ​ပေးနိုင်​ခဲ့ဘူး

ဇရာအို​နေတဲ့ ရှိုက်​သံ​ကို
စေတန်​က လာလာပွေ့ဖက်
သက္ကရာဇ်​ကို တည်​မှီတဲ့
ပြက္ခဒိန်​​ဟောင်း​​ရှေ့မှာ
သေသွားတဲ့ အသက်​ရှူသံ​အတွက်
ဆု​တောင်း​ပေးပါ စေတန်

လွှတ်​ချလိုက်​တဲ့ ပတ်​သက်​မှု​ကို
အလုံ ပိတ်​ထားတဲ့
အတိတ်​​.... သတ်​ကွင်း​ရှေ့မှာ
အစွဲ​တွေ ကျွတ်​​စေဖို့
ဒရွတ်​တိုက်​ ဆန္ဒ​တွေ
ဘဝကူး​ ကောင်း​အောင်
အမိန့်​ပြန်​တမ်း​ပေးပါ​ စေတန်

ည...........
ည​ရေးနက်​​တော့
စိတ်​​တွေ ကျမကွဲ​စေဖို့
ကြယ်​​တွေဟာ အသားမျှင်​​တွေကိုဖဲ့​ချ
ညလင်းမီးတိုင်​​အောက်​မှာ 
ဘဝသစ်​​ကူးသွားတဲ့
ရင်​ကွဲမီး​နဲ့ နှလုံးသားက
လူဝင်​မဆန့်​ ရင်​ဘတ်​တစ်​ခြမ်းကို
အလင်း​ပြန်​ပေး​နေရတယ်

သစ္စာတရားဟာ
ရည်းစားထည်​လဲတွဲတာပါလို့
ဈေး​ခေါ်ခံထားရတဲ့
သိက္ခာ အဖတ်​ဆယ်​ပွဲမှာ
မုသား ဝါဒက
နင်​​ပေးတဲ့ ကောင်း​မွေလို့ မှတ်​ယူပြီး
ငါ့ ​ရင်​ကွဲမီး​ မမှိန်​တစ်​မှိန်​​တွေကို
လေလံတင်​ပွဲမှာ ချိတ်​ဆွဲထား​ပေးပါ

ဆာ​လောင်​မှု​ စမြှုပ်​ပြန်​တိုင်း
ဟတ်​ထိုးလဲ ကိုယ်​ကျင့်​တရား​က
ဘယ်​ သံ​ယောဇဉ်​နဲ့မှ
တိုက်​​လျှော်​လို့ မရ​တော့တဲ့အခါ
စိုထှိုင်း​တဲ့ မျက်​ရည်​ကို အ​ခြောက်​ခံ
အိမ်​ရာမဲ့ သက္ကရာဇ်​တွေကို
ပြန်​မအမ်းတဲ့ ည​တွေထဲ
ထိုး​ထိုး ကျွေးပစ်​လိုက်​​​တော့
ပန်းတစ်​ပွင့်​မှ မပွင့်​​တဲ့
သစ်​ပင်​ဟာ..........
လွမ်းသူတစ်​​ယောက်​ရဲ့ဒဏ်​ရာ​တွေပါ.....။

နွန်း

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now