Special 3 (Unicode)

17.3K 1K 245
                                    

⚠⚠⚠ A Little Warning

28 Dec 2020

အခန်းလွတ်ထဲထည့်သိမ်းထားသော Luggage နှစ်လုံးကိုထုတ်လာပြီး အိပ်ခန်းထဲဝင်လာသောအစ်ကို့ကိုတွေ့လိုက်ချိန် ကုတင်ပေါ်မှာမှောက်လျားထိုးဂိမ်းဆော့နေရာကနေ ထမေးလိုက်၏။

"အဲအိတ်တွေကဘာလုပ်မလို့လဲအစ်ကို"

"ခရီးဆောင်အိတ်ထုတ်လာမှတော့ ခရီးသွားမလို့ပေါ့ဗျာ"

"ဟင်"

ရန်ကုန်ရောက်ပါပြီဆိုကတည်းက ဘယ်မှမသွားဖြစ်ခဲ့တဲ့အစ်ကိုတစ်ယောက် ငြီးငွေ့နေပြီထင်ပါရဲ့။ အကျိုးအကြာင်းလည်းမသိရပါဘဲ ရုတ်တရက်ခရီးသွားမယ်ဆိုလာတော့စိတ်ဝယ်ထင့်သွားသည်။

"ဘာတွေတွေးပြီးမျက်နှာလေးပျက်သွားရတာလဲကလေးရဲ့။ အစ်ကိုတို့အတူတူသွားမှာလေကွာ။ ကလေးအလုပ်တစ်ဖက်နဲ့ဒီကာလကြီးမှာ ဘယ်လောက်မွန်းကျပ်နေလဲအစ်ကိုသိတာပေါ့။ အလုပ်တွေခဏမေ့ထားပြီးခရီးသွားရအောင်လေ နော် "

အစ်ကို့စကားကြားလိုက်မှ အံ့အားသင့်သွားသည်။ နှစ်ယောက်တူတူခရီးသွားမလို့တဲ့။ ထိတ်ကနဲပျော်သွားတဲ့စိတ်လေးက လက်ရှိကပ်ရောဂါကာလကြီးကိုအသိဝင်လာချိန်တွင် မှုန်မှိုင်းသွားရပြန်၏။

"ဒီအချိန်ကြီးခရီးသွားလို့ရပါ့မလားအစ်ကိုရာ"

"သွားလို့ရအောင်ကြံဖန်ရတာပေါ့ဗျာ။ လွယ်တော့မနေဘူးပေါ့"

ပြုံးစေ့စေ့နဲ့ပြောလာတဲ့အစ်ကို့မျက်နှာက ပျော်ရွှင်နေပုံနှင့်တက်ကြွနေ၏။

"ဘယ်ကိုသွားမှာလဲဟင်"

"ဘူမိနက်သန်"

"ဟင်...ဘာကြီး"

"ကိုယ်တို့ရဲ့အချစ်စတင်တဲ့နေရာလေးလေကွာ၊ ကလောပေါ့ကလေးရယ်။ အ​ချစ်တို့စတင်ရာဘူမိနက်သန်နေရာမှန်လေးလေ"

အစ်ကိုတစ်ယောက်အခုတလောကဗျာတွေသိပ်ကိုဆန်နေတာပါ။

"ဟင်...တစ်ကယ်လား"

"တစ်ကယ်ပေါ့၊ ထ...အဝတ်အစားတွေအစ်ကိုထည့်ပေးမယ်နော်။ ကလေးဝတ်ချင်တာတွေကုတင်ပေါ်မှာပုံထားပေး"

ဆုံစည်းခွင့်Where stories live. Discover now