Part 21

11.1K 1.4K 124
                                    

တစ်ခါမှကြီးကြီးမားမားမပြင်ခဲ့ရဖူးတဲ့ရှိုင်းကားလေးခမျာ ဖြစ်မဲ့ဖြစ်တော့လည်းအင်ဂျင်ပိုင်းဖြစ်နေသောကြောင့် ကားဆေးရုံတွင်တစ်ပတ်ခန့်ကြာအောင်ပြင်ဆင်ကုသနေရ၏။ မေမေကကားသစ်လဲလိုက်ရန်ထပ်ပြောလာသောကြောင့် လဲရန်ဆုံးဖြတ်လိုက်တော့သည်။

ရှိုင်းလိုချင်သော အိမ်စီးကားအမျိုးအစားထဲကပဲရှာပေးရန် အစ်ကိုသွေးသစ်မိတ်ဆွေကားပွဲစားတစ်ယောက်ထံအပ်လိုက်သည်။ ရှိုင်းစိတ်ကြိုက်ကားကို အချိန်ယူကာရှာနေခြင်းကြောင့် တော်တော်နှင့်အဆင်မပြေ။ စိတ်ရှည်ရှည်ရှာပေးတတ်သောပွဲစားမို့သာတော်ပါတော့သည်။ ဒီရက်ပိုင်းမှာကျောင်းကို ကိုနေနှင့်ကပ်သွားနေရသလို တစ်ခါတစ်ရံမမကလမ်းကြုံလျှင်လိုက်ပို့ပေး၏။

ကျွန်တော်တို့သူငယ်ချင်းတစ်စု ကျောင်းကန်တင်းတွင်နေ့လည်စာစားသောက်နေချိန် အစ်ကို့ဆီကဖုန်း၀င်လာသည်။

"ကလေး အခုကျောင်းမှာလား"

"ဟုတ်အစ်ကို"

"ညနေဘယ်ချိန်လောက်အတန်းပြီးမလဲ"

"၃ နာရီခွဲဝန်းကျင်လောက်ပေါ့။ ဘာဖြစ်လို့လဲအစ်ကို"

"ညနေကျောင်းလာကြိုပေးမလို့၊ ကလေးစောနေရင် အစ်ကို့ကိုခဏစောင့်နေပေးလို့ရမလား"

"Why not "

"အိုကေ ဒါပဲနော်"

စားသောက်နေရင်း တစ်ယောက်တစ်ပေါက်နှင့်စကားတွေပြောနေရင်းမှ ကျွန်တော်ဝယ်မဲ့ကားအသစ်ဘက်ဆီအလှည့်ရောက်သွား၏။

"မင်းကဘာကားရှာနေတာလဲရှိုင်းရ၊ ခုထိစိတ်ကြိုက်မတွေ့သေးဘူးလား"

"ဘာကားရယ်မဟုတ်ပါဘူးကာ။ ဒီတိုင်းစိတ်ကြိုက်တွေ့တာရှာနေတာမျိုး၊ ကားဈေးတွေကလည်းဝီခေါ်နေတာပဲနော်"

"မင်းလိုကောင်ကငြီးပြနေလိုက်၊ လိုချင်တာလက်ညှိုးထိုးပြလိုက်တာနဲ့ မာမီမားသားကြီးကပက်ခနဲထုတ်ပေးပြီးသားကိုကွာ "

သားသမီးအတွက်ဆို ဘယ်တုန်းကမှလက်မတွန့်တတ်တဲ့မေမေ့အကြောင်း သူတို့သိပါလိမ့်မည်။ တကယ်လည်းမေမေက ရှိုင်းကြိုက်တဲ့ဘယ်ကားမဆိုဝယ်ပေးဖို့အသင့်။ ပွဲစားကတစ်ဆင့်ရှာတာထက် Showroom တွေကပဲဝယ်လိုက်ဖို့ပြောပေမဲ့ ဝင်ငွေတောင်မရှာနိုင်သေးတဲ့ရှိုင်းက အဲလောက်သုံးစွဲလိုက်ဖို့ကိုယ်တိုင်ကလက်မခံချင်တာမျိုး။ ကျောင်းသားတစ်ယောက်အနေနဲ့အဆင်ပြေမဲ့ကားထဲကရှာကြည့်နေခြင်းမျိုးပါ။ ခက်တာက ပြသမျှကားကိုစိတ်တိုင်းမကျနိုင်သေးတာပါပဲ။

ဆုံစည်းခွင့်Where stories live. Discover now