Part 7

12.5K 1.7K 27
                                    

မိုးလင်းကတည်းကကျူရှင်ချိန်တွေဆက်တိုက်ဖြစ်သောကြောင့် အိမ်ကိုပြန်ရောက်ချိန်က နေ့လည် ၃ နာရီကျော်ကျော်ရှိနေပြီ။ ရေချိုး​ပြီး​​အခန်းပြင်ထွက်လာစဉ် အပြင်သွားမည့်ပုံဝတ်စားထားသောမမကိုတွေ့လိုက်၏။

"ဘယ်သွားမလို့လဲဟင်"

မမခါးကိုဖက်ရင်းပခုံးပေါ်မေးတင်ကာမေးမိတော့...။

"လှည်းတန်းကအန်တီ​လေးတို့ဆိုင်ကိုသွားမလို့လေကလေးရဲ့။ လိုက်ခဲ့မလား"

"မမတစ်ယောက်ထဲသွားမလို့လား"

"အင်းပေါ့။ ဘယ်သူရှိသေးလို့လဲ"

"လိုက်မယ်၊ လှည်းကလေးဒိန်ချဉ်ဝယ်တိုက်ရမယ်နော်"

မမနဲ့ရှိုင်းကအသက်ကွာသဖြင့် သွားသွားလာလာသိပ်မရှိပါ။ ရံဖန်ရံခါမှအတူသွားလာတတ်ကြပေမဲ့ မောင်နှမနှစ်ယောက်ထဲရှိသဖြင့်သိပ်ကိုချစ်ကြသည်။ ဆရာဝန်ဘွဲ့ကိုဝါသနာအရင်းခံနှင့်ကြိုးစားရယူခဲ့တဲ့မမက ကျွန်တော့်ထက်စာကိုပိုကြိုးစားခဲ့သူဖြစ်၍ အချိန်တိုင်းစာကြည့်ခန်းတွင်သာအချိန်ကုန်နေတတ်သူ။

မောင်နှမနှစ်ဦးရောက်တတ်ရာရာစကားတွေပြောလာရင်း ကားကလှည်းတန်းဈေးနားရောက်လာ၏။ အဆင်ပြေမည့်နေရာတွင်ကားကိုရပ်ထားခဲ့လိုက်ပြီးမှ အဒေါ်ဝမ်းကွဲဖွင့်ထားသောပိုးထည်ဆိုင်ဆီလမ်းလျှောက်လာခဲ့ကြသည်။

ဆိုင်အတွင်းဝင်ဝင်ချင်းမြင်လိုက်ရသည်ကအရောင်စုံ၊ အဆင်စုံပိုးထည်တွေဇာထည်တွေကြားက မေမေ့ညီမတစ်ဝမ်းကွဲတော်သူကျွန်တော်တို့အခေါ်အန်တီလေးက ပြုံးရွှင်သောမျက်နှာဖြင့်ဆီးကြို၏။

"မောင်နှမနှစ်ယောက်ဘယ်ကလှည့်လာကြတာလဲ"

"အန်တီလေးဆီသက်သက်လာတာ။ ပွဲတစ်ခုတက်စရာရှိလို့ အသစ်လေးတွေများရောက်နေမလားလို့လာကြည့်တာ"

မမကပြောပြောဆိုဆိုအထည်တွေဆီဦးတည်၏။

"ရှိပါ့ရှင်။ ပိုးလား ချိတ်လား။ တစ်နေ့ကမှ အမရပူရဘက်ကဒူးနားချိတ်အဆင်ဆန်းလေးတွေထပ်ရောက်လာလို့ တူမလေးကိုသတိတောင်ရမိသေး။ အေးအေးဆေးဆေးသာရွေးပေတော့။ သမီးတို့ရေ...မမကိုသေချာပြပေးလိုက်ကြနော်"

ဆုံစည်းခွင့်Where stories live. Discover now