Part 52

13.5K 1.5K 176
                                    

မမနှင့်စင်ကာပူကပြန်လာပြီးသည့်နောက် ဆေးကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ရပြန်သည်။ Staff Party နှင့်ကုမ္ပဏီနှစ်ပတ်လည်အတွက်ကို ရုံးက Management အဖွဲ့ကိုပဲတာဝန်လွှဲပြောင်းပေးလိုက်၏။ 

မနက်ဖြန်မေမေ၊ အန်တီခင်၊ ကြီးကြီးတို့သုံးယောက်က ဗုဒ္ဓါဂါယာဘုရားဖူးခရီးကိုတတိယအကြိမ်မြောက်သွားကြမှာဖြစ်၍ မေမေ့တို့အတွက်လိုအပ်သောခရီးဆောင်ဆေးဝါးအချို့ကို ဆိုင်ကနေယူလာခဲ့ပြီးကြီးကြီးကိုပေးလိုက်၏။ ကြီးကြီးရဲ့အသက်အရွယ်က ၆၀ ကျော်ပြီဖြစ်၍ နောက်ဆိုထပ်သွားဖို့မလွယ်တော့သောကြောင့် ဒီတစ်ခေါက်တော့ ညီအစ်မသုံးယောက် ၁၄ ရက်ကြာသွားကြမဲ့ခရီးစဉ်ပါ။ 

ကြီးကြီးက ကျွန်တော်တို့မောင်နှစားရေးသောက်ရေးအတွက်ပူပင်နေပြီး နောက်ဆံတင်းနေလို့သွားရမှာကိုစိတ်မချဖြစ်နေရှာ၏။ အန်တီတို့အိမ်ကကြီးကြီးတင်က စီစဉ်ပေးပါ့မယ်ဆိုလာမှ စိတ်ချလက်ချသွားနိုင်ရှာပါတော့သည်။

သည်လိုနှင့် မေမေတို့ဘုရားဖူးထွက်သွားပြီးသည့်နောက် ကျွန်တော့်မှာကုမ္ပဏီနှင့်မေမေ့ဆိုင်ကြားကူးသန်းကာ အလုပ်များ​နေရသည်။ ဆိုင်တာဝန်ခံရှိ​နေလို့ ငွေသိမ်းရုံကလွဲ၍အလုပ်ကမယ်ရရမရှိပါ။ မေမေ့ဖောက်သည်များလာဝယ်လျှင် မေမေခရီးသွားတဲ့အကြောင်းပြောပြပြီး ဧည့်ခံစကားပြောရတာကလွဲလို့ထွေထွေထူးထူးမရှိပြန်ပါ။ 

အောက်ထပ်ဆင်း​ပြီးကော်ဖီသောက်လိုက် ဖုန်းသုံးလိုက်ဟိုဒီငေးလိုက်နှင့်ညနေခင်းအချိန်များကိုကုန်ဆုံးနေရသည်။ Center ပိတ်ချိန်ရောက်မှငွေသိမ်း၊ ဆိုင်ကိုပိတ်ကာအိမ်ကိုပြန်၊ နောက်တစ်နေ့ဘဏ်မှာငွေသွားသွင်း။ ဤသို့ဖြင့် ပထမရက်သတ္တပတ်ကိုဖြတ်သန်းကုန်ဆုံးခဲ့​လေသည်။

*******************************

"ဟေ့ ရှိုင်း၊ ဘာတွေလုပ်"

အသံကြောင့်မော့ကြည့်လိုက်တော့သာသာ။

"လာထိုင်၊ ဘယ်က​နေလှည့်လာတာလဲ"

မေမေ့ဆိုင်မှာပျင်းပျင်းနှင့်ဖုန်းထိုင်ကြည့်နေစဉ် ကောင်မလေးတစ်ယောက်နှင့်ရောက်ချလာတဲ့သာသာက ကျွန်တော့်ဘေးခုံတွင်ဝင်ထိုင်လိုက်ရင်းမှ...။

ဆုံစည်းခွင့်Nơi câu chuyện tồn tại. Hãy khám phá bây giờ