Special 2 (Unicode)

16K 1.1K 334
                                    

ခြေသံဖွဖွနင်းလျှောက်လာရင်းမှ Dinning ထဲအသာချောင်းကြည့်မိတော့ အေပရွန်ပတ်လျှက်သားနှင့်အစ်ကိုက အိုးခွက်ပန်းကန်တွေကြားမှာအလုပ်များလျက်ရှိနေ၏။ အနီးကိုတိုးသွားလိုက်ရင်း ကျောပြင်ကျယ်ကျယ်ကိုသိုင်းဖက်ကာမျက်နှာကိုအပ်ထားလိုက်မိချိန် ရင်းနှီးနေကျအစ်ကို့ကိုယ်သင်းရနံ့လေးကနှာဝကိုကျီဆယ်လာသည်။

"ကလေးလေးနိုးပြီလား၊ ရေတစ်ခါထဲချိုးခဲ့တယ်မဟုတ်လား"

"ဟုတ်"

"ခဏလေးစောင့်နော် ပြီးတော့မှာပါ။ သွားလေ...ဘုရားအရင်သွားရှိခိုးလိုက်ပါဦး"

"ဟုတ်"

ကျွန်တော့ရဲ့ဒုတိယမြောက်ဟုတ်အသံကြားမှ အစ်ကိုကဂတ်စ်မီးဖိုကိုမီးအားလျော့လိုက်ပြီးလှည့်ကြည့်လာ၏။ ခေါင်းတစ်လုံးကွာနေသောအရပ်ကြောင့်မော့ငေးမိချိန် နွေးထွေးသွားသောနဖူးပြင်။

"အုန်းမွှေးလုံးလေး၊ ဟင်းနံ့တွေစွဲကုန်လိမ့်မယ်သွားတော့နော်၊ ဘုရားကိုပေါက်စိန်ပေါက်ပေါက်မလာနဲ့၊ သေသေချာချာရှိခိုးခဲ့ ကြားလား"

ပြုံးစိစိလုပ်ရင်းမှ အစ်ကို့မေးဖျားလေးကိုလှစ်ခနဲနမ်းပြီးလှည့်ထွက်လာခဲ့သည်။ ဘုရားခန်းထဲဝင်တော့ ဘုရားပန်းတွေကိုအသစ်လဲထားတာကိုတွေ့လိုက်၏။ အစ်ကိုကမွှေးတဲ့ပန်းမျိုးကပ်ရတာကို ပိုနှစ်သက်သူ။ အခုလည်းရေမွှေးနှင်းဆီပန်းရောင်လေးတွေနှင့် အောင်သပြေပန်းကိုတွဲပြီးကပ်လှူထားခြင်းကြောင့်ဘုရားခန်းတစ်ခန်းလုံးကြိုင်သင်းလို့နေသည်။ 

ကျွန်းစားပွဲပုလေးပေါ်တွင် အာရုံဆွမ်းကိုကပ်လှူထားပြီးသားဖြစ်နေတော့ ဘုရားစင်ရှေ့ထိုင်ကာဦးချလိုက်ပြီးမှ ရသမျှဘုရားစာတို့ကိုတတွတ်တွတ်ရွတ်ဆိုရပါတော့သည် ။

ဒီနေ့ Sunday ဖြစ်သောကြောင့်အလုပ်သွားစရာမလိုပါ။ တစ်ပတ်မှာတစ်ရက်တော့ကျွန်တော်ကနားဖြစ်အောင်နားပေမယ့် အစ်ကိုကတော့ပုံမှန်နားရက်မရှိခဲ့ပါ။ မေမေ့ဆိုင်ရဲ့ကိစ္စတော်တော်များများက အစ်ကို့တာဝန်လိုဖြစ်နေ၏။ အခုနောက်ပိုင်းအစ်ကိုနှင့်မေမေ့ကြားဆက်ဆံရေးက အံ့သြစရာကောင်းလောက်အောင်ချောမွေ့နေတော့စိတ်ချမ်းသာနေမိသည်။ ဆိုင်ကိုသွားတိုင်းတစ်ခုမဟုတ်တစ်ခုချက်ပြုတ်ယူသွားလို့လည်း မေမေ့ခမျာရသတဏှာကိုလွန်ဆန်နိုင်ပုံမပေါ်တော့ပါ။ အစ်ကိုကအဲလိုလေးလည်းစည်းရုံးရေးဆင်းတတ်သေး၏။

ဆုံစည်းခွင့်Where stories live. Discover now