Part 47

11.5K 1.3K 326
                                    

မင်းထက်နိုင်ကိုအထူးကုဆေးရုံမှာ ၂ ရက်တင်ထားပြီးမှ တိုက်ခန်းကိုပြန်ခေါ်ခဲ့ရသည်။ စိတ်ချရတဲ့အခြေအနေရောက်မှကို​ကောင်းမှာသူ့အမေကိုသွားကြည့်၏။ ကျွန်တော်မှာကိုကောင်းကိုယ်စား လူနာစောင့်ဖြစ်နေရသည်။ သာလွန်နေနှင့်လည်းလူချင်းမတွေ့နိုင်သေး။ ဖုန်းနှင့်သာအကျိုးအကြောင်းဖလှယ်နေရသည်။

သတင်းကပြန့်သွားခဲ့တော့ မင်းထက်နိုင်ရဲ့ဆွေမျိုး​တွေသိသွားကြ၏။ ထိုမှတစ်ဆင့် သူ့မိဘများထံရောက်သွားပါတော့သည်။ ပြဿနာကပိုပြီးရှုပ်လာတော့မယ်။ ဘယ်လိုကြောင့်ရယ်မသိကျွန်တော်သွားခါနီးမှ ပြဿနာ​တွေပေါင်းနေ၏။

တိုက်ခန်းရောက်တော့လည်း မင်းထက်နိုင်ကိုအိပ်ခန်းထဲနားစေပြီးမှ တစ်အိမ်လုံးပွထနေတာတွေကိုရှင်းရပါတော့သည်။ ခုချိန်မှာ ပြဿနာ​တွေပတ်လည်ဝိုင်းနေသောကိုကောင်းကိုရော၊ အားနည်းပြီးမထနိုင်သေးတဲ့မင်းထက်နိုင်အတွက်ရော ကျွန်တော့်ကိုလိုအပ်နေတာသိလို့ အနားနေပေးနေရခြင်းပါ။ ဒီနေ့နံနက်ပိုင်းမှ မင်းထက်နိုင်အတင်းလွှတ်လို့ကိုကောင်းကသူ့မိသားစုထံပြန်သွားတွေ့ခြင်းဖြစ်၏။

ကိုကောင်းကိစ္စကိုနဂိုကတည်းကသိနေခဲ့တဲ့ ကိုကောင်းသူငယ်ချင်းနှစ်ယောက်ကမင်းထက်နိုင်ကိုလာတွေ့ပြီး တစ်ဖက်ကအခြေအနေကိုပြောပြခဲ့သည်။ အခြေအနေအရ ကိုကောင်းကိုအမွေဖြတ်ဖို့အထိစီစဉ်ထားခြင်းကြောင့် မင်းထက်နိုင်အနေနှင့်ကြိုတင်ပြင်ဆင်ထားရန်နှင့် ခုလိုဖြစ်သွားပြီးမှကြုံလာမဲ့အခက်အခဲတွေကိုအတူတူရင်ဆိုင်ဖြေရှင်းကြရန် နားချသွားကြသည်။ သူတို့ပြန်သွားမှ မင်းထက်နိုင်က...။

"ကျွန်တော်ဘယ်လိုလုပ်ရမလဲဟင်၊ ကိစ္စကကြီးသွားပြီဆိုတော့လေ၊ အစ်ကိုပြောပါဦး ဘယ်လိုလုပ်သင့်လဲဆိုတာကို..."

ငါးတကာယိုတဲ့ချေး ပုဇွန်ဆိတ်ခေါင်းပါလားရယ်ဆိုပြီး စိတ်ရှုပ်ထွေး​နေရသည်။ ကိုယ့်ပြဿနာကိုတောင် ဘယ်ကစလို့ဖြေရှင်းရမှန်းမသိဖြစ်နေတဲ့အခြေအနေမှာ ကြားသုံးကြားလည်းမဝင်ချင်တော့ပါ။ သို့သော် ဓားခုတ်ရာလက်လျှိုထားမိတဲ့အဖြစ်ကြောင့်မနေသာပြန်။

ဆုံစည်းခွင့်Where stories live. Discover now