Part 11

11.2K 1.6K 61
                                    

သွေးသစ်

မနက် ၆ နာရီဆိုသော်လည်း လှည်းတန်းအနီးတဝိုက်တွင် စတင်စည်ကားနေ​ပြီ။ ဘုန်းကြီးကျောင်းကနေလမ်းလျှောက်လာပြီး စကာကြီးမုန့်ဟင်းခါးဆိုင်ဘက်ထွက်လာခဲ့၏။ သာလွန်နေက စကာကြီးမုန့်ဟင်းခါးကိုသိပ်ကြိုက်သူ။ မုန့်ဟင်းခါးဝင်ဝယ်ပြီး သူ့အိမ်ကိုသွားရန်စိတ်ကူးမိသောကြောင့် စောစောထွက်လာရခြင်း။ ပိုပိုလိုလိုဝယ်လာခဲ့ပြီးမှ ဗဟိုလမ်းဘက်ဆီလမ်းလျှောက်လာခဲ့လိုက်သည်။

ခြံဝန်းကျယ်ကျယ်နှစ်ထပ်တိုက်ရှေ့ရောက်ချိန်တွင် ခြံဝန်းတံခါးကပိတ်လျှက်သား။ ခြံထဲလှမ်းကြည့်တော့ တံမြက်စည်းလှည်းနေသောအဘကျော်ကိုတွေ့လိုက်မှ အသံလှမ်းပြုလိုက်ရ၏။

"အစောကြီးပါလားကိုသွေးရ"

"ဟုတ်တယ်အဘကျော်၊ စကာကြီးမုန့်ဟင်းခါးလာပို့ပေးတာ၊ အန်တီနိုးနေပြီလား"

"မင်းအန်တီကနိုးတာကြာပြီ၊ ဘုရားဝတ်ပြုပြီးတရားထိုင်နေတုန်းနေမှာ။ ဝင်သွား ဝင်သွား၊ မင်းကြီးကြီးလည်းမီးဖိုထဲမှာရှိပါတယ်"

အဘကျော်နှင့်အဘကျော်အမျိုးသမီးကြီးကြီးတင်တို့က သာလွန်နေတို့မိသားစုနှင့်ဆွေမျိုးမကင်းကြသူတွေ။ ဒီအိမ်မှာက တစ်နှစ်လောက်မှတစ်ကြိမ်အိမ်ပြန်လာရတဲ့ဖခင်ရယ်၊ ပိုးထည်ဆိုင်ဖွင့်ထားတဲ့မိခင်ရယ်၊ သာလွန်နေရယ်ဆိုပြီး မိသားစုက ၃ ယောက်ပဲရှိတာပါ။

မိသားစုနည်း​​ခြင်းကြောင့် နေ့မိခင်ရဲ့ဆွေမျိူးနီးစပ်ထဲက အဘကျော်တို့လင်မယားရယ်၊ တောက်တိုမယ်ရခိုင်းဖို့ခေါ်ထားတဲ့ ၁၂ နှစ်အရွယ်အိမ်အကူလေးတစ်ယောက်ကိုပါထပ်​ပေါင်းခေါ်၍လူအင်အားဖြည့်တင်းထားကြရသည်။ အိမ်ထဲဝင်လိုက်ချိန်တွင် အပေါ် ထပ်ကနေဆင်းလာသောသာလွန်နေ့မိခင်နှင့်ဆုံ၏။

"ကိုသွေးပါလား။ စောစောစီးစီးဘာတွေဝယ်လာပြန်တာလဲကွယ်။ အန်တီထင်တော့ထင်မိသား၊ နေနေကျောင်းမသွားရဘူးဆိုတော့သားများရောက်လာဦးမလားလို့"

အန်တီနှင့်အတူထမင်းစားခန်းဘက်လိုက်လာရင်း ကြီးကြီးတင်လက်ထဲမုန့်ထုပ်တွေလှမ်းပေးလိုက်ပြီးမှ...။

ဆုံစည်းခွင့်Where stories live. Discover now