Part 43

10.5K 1.3K 119
                                    

အကြောင်းအရာတွေဆုံလာတဲ့အခါ မထင်မှတ်ပါဘဲနှင့် အဆက်အသွယ်​တွေကပြတ်သွားတတ်သည်။ တနင်္ဂနွေတစ်နေ့လုံးလည်း ဟိုတယ်မှာပဲအချိန်ကုန်ခဲ့ရ၏။ နောက်ရက်တွေမှာ ရွှေပြည်သာကမြေကွက်အရောင်းအဝယ်နှင့်ပတ်သက်ပြီး ပိုင်ရှင်နှင့်သွားတွေ့ငွေချေ၊ စိတ်ချရအောင်မြေစာရင်းဌာနကိုသွား၊ အမည်ပေါက်ကိစ္စတွေအတွက်အမြန်လုပ်ရသည်။ ကားရောင်းဖို့အတွက်ကိုစိုးကိုရှာ​ပြီး လုံးပမ်းရပြန်၏။ 

အလုပ်နှင့်ကိစ္စရပ်တွေကြားမှာလူကဘယ်လိုမှမလှည့်သာခဲ့ပါ။ ကလေးဆီဖုန်းတွေဆက်ခဲ့ပေမဲ့ဆက်မရခဲ့။ ဘယ်လိုမှမတတ်သာသည့်အချိန်တွင် Agent ကဆက်သွယ်လာပြန်​သောကြောင့် အင်တာဗျူးဘက်လှည့်ရပြန်သည်။ လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ပြီးသွားတွေ့ချိန်မှာ အဆင်ပြေခဲ့ပ၏။ အဆင်ပြေမှလည်းဖြစ်တော့မယ်။

ခဏခဏအင်တာဗျူးတွေဖြေခဲ့ပေမဲ့ သူတို့ဘက်ကအဆင်မပြေ​ဖြစ်လိုက် ကျွန်တော့်ဘက်ကစိတ်တိုင်းမကျလိုက်နှင့်အချိန်ကကြာနေခဲ့ပြီ။ သူများတွေက ရရာအလုပ်နှင့်ထွက်သွားကြပေမဲကျွန်တော်ကစိတ်တိုင်းကျအလုပ်ကိုအချိန်ယူလို့ရှာနေမိခြင်းက ရန်ကုန်မှာအဆင်ပြေနေသေးသလို သံယောဇဉ်​လေးကလည်းအမျှင်တန်းနေ​ခြင်းကြောင့်လည်းပါ​နေ၏။

အခုလိုအခြေအနေမှာတော့ ထွက်သွားချင်တဲ့စိတ်ကအားသာ၍နေပါတော့သည်။ ရှောင်ပြေးတယ်ဆိုခြင်းထက် စိတ်ချမ်းသာသလိုဝေးဝေးနေလိုခြင်းပါ။ နေပြည်တော်နေစဉ်ကအခြေအနေလိုပြန်ဖြစ်သွားပေမဲ့ ရင်းနှီးခဲ့တဲ့အချိန်ကာလလေးတွေကြောင့် စိတ်ထဲမှာတော့မငြိမ်းချမ်းနိုင်ခဲ့ပါ။ 

ဟိုစဉ်က ဖုန်းအဆက်အသွယ်မပြတ်ခဲ့လို့စိတ်သက်သာခဲ့ရပေမဲ အခုကလူရောဖုန်းပါအဆက်အသွယ်ပြတ်သွားရသောအဖြစ်မို့ စိတ်လည်းအတော်ထိခိုက်နေမိ၏။ သာလွန်နေကဆေးရုံမှာလက်တွေ့ဆင်းနေရသောကြောင့် သူ့ကိုသွားပြီးအပူတွေမမျှဝေချင်တော့ပါ။ 

အဖြစ်ချင်းနီးစပ်နေတဲ့မင်းထက်နိုင်နှင့်အပြန်အလှန်ရင်ဖွင့်တိုင်ပင်ရင်း ပိုလို့တောင်ရင်းနှီးလာ​ကြ၏။ ကျွန်တော်ထက်အတွေ့အကြုံရှိသူနှင့် ပြောဆိုတိုင်ပင်မိတော့စိတ်ထဲသက်သာရာရမိသည်။

ဆုံစည်းခွင့်Tempat cerita menjadi hidup. Temukan sekarang