Part 45

11.3K 1.4K 214
                                    

သတို့သားအတွက်ပေးထားသောအခန်းထဲကိုဝင်လိုက်ချိန် အတူသတို့သားအရံလုပ်မဲ့ကလေးကိုပါတွေ့လိုက်၏။ ကိုကောင်းနှင့်သူငယ်ချင်းဖြစ်ဟန်တူသည့်အစ်ကိုကြီးနှစ်ယောက်က စကားထိုင်ပြောနေကြသည်။ သိပ်လည်းပြင်စရာမလိုသောကြောင့် အေးအေးဆေးဆေးလည်းရှိနေကြပုံ။ 

ကျွန်တော်နှင့်သာလွန်နေက သတို့သားရှိရာအပေါ်ထပ်ကိုတက်လာခဲ့ပြီး "နေ့"ဖေဖေနှင့်မေမေက မင်္ဂလာခန်းမထဲတွင်လိုအပ်တာတွေစစ်ဆေးကြည့်ရှု့ရင်း အောက်ထပ်တွင်ကျန်နေခဲ့သည်။ နာရီကိုကြည့်မိတော့ ၈ နာရီရှိပြီဖြစ်၍ မင်္ဂလာပွဲအချိန်က ၁ နာရီခန့်လိုတော့၏။

လေးလံသောခြေအစုံနှင့်ခုံတစ်ခုံမှာဝင်ထိုင်လိုက်ရင်း ချိတ်ထားတဲ့သတို့သားဝတ်စုံကိုငေးကြည့်နေမိသည်။ ဘေးလူဆိုပေမဲ့ ရင်ထဲစို့နင့်နေသလိုခံစားနေရခြင်းက ကိုယ်ချင်းစာစိတ်ကြောင့်လည်းဖြစ်ပါလိမ့်မည်။ ခန့်မှန်းရခက်သောသတို့သားကိုကြည့်လိုက်မိတော့ ကျွန်တော့်အကြည့်ကိုရှောင်ဖယ်သွား၏။

"သူတည်းတစ်ယောက်ကောင်းမူရောက်မူ သူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း " ဆိုသောစာချိုးတစ်ခုကိုသတိရလိုက်မိတော့ နာနာကျင်ကျင်ပြုံးလိုက်မိတာတစ်ယောက်သောသူအတွက်ပါ။ ခုချိန်မှာဘယ်လိုများခံစားနေရရှာလေမလဲ။ ယောက်ျားလေးမို့ဘာမှနစ်နာမသွားဘူးလို့ထင်နိုင်ကြပေမဲ့ ခန္ဓာကိုယ်ထက်စိတ်ကိုထိခိုက်စေတာက ပိုပြီးနာကျင်စေတယ်ဆိုတာ ကိုကောင်းမတွေးခဲ့မိဘူးလား။ 

တကယ်တော့ဒီမင်္ဂလာဆောင်ကိုကျွန်တော်မလာချင်ပါ။ အားနည်းသူဘက်ကရပ်တည်ချင်ခဲ့တဲ့ကျွန်တော်က ညီငယ်လေးကိုအဖော်ပြုပေးချင်ပေမဲ့ ပြစရာအကြောင်းပြချက်ကမရှိတော့ ရောက်လာခဲ့ရခြင်းဖြစ်သည်။ 

ညကဖုန်းဆက်ကြည့်မိတော့နေမကောင်းဘူးပြောလို့ ဆေးခန်းသွားရန်ပြောလိုက်၏။ သာလွန်နေနှင့်အတူ မင်္ဂလာပွဲအတွက်လိုအပ်တာတွေလိုက်ကူပေးနေရလို့ မင်းထက်နိုင်နှင့်မတွေ့တာနှစ်ရက်လောက်ရှိပြီ။ ဖုန်းဆက်လိုက်ချိန်တိုင်း ဘယ်မှမသွားဘဲတိုက်ခန်းမှာပဲရှိနေတတ်သည်။

ဆုံစည်းခွင့်Where stories live. Discover now