Part 38

9.7K 1.3K 39
                                    

ဟိုတယ်ကပြန်လာပြီး လှည်းတန်းဈေးအပြင်တန်းဘက်ကဆိုင်တစ်ဆိုင်အတွင်းဝင်လာခဲ့၏။ လွန်ခဲ့တဲ့နှစ်တွေကကုန်ခြောက်မျိုးစုံရောင်းခဲ့တဲ့ဆိုင်ဖြစ်ခဲ့ပေမဲ့ ယခုမူကုန်ခြောက်ပါမကနိုင်ငံခြားမုန့်မျိုးစုံနှင့် စားသောက်ကုန်အမျိုးအစားစုံလင်အောင်တင်ရောင်းနေ​သောဆိုင်ကြီးတစ်ဆိုင်ဖြစ်နေ​ပြီ။ ကျွန်တော့်ကိုတွေ့တော့ကောင်တာမှာခန့်ခန့်ကြီးထိုင်နေတဲ့အန်တီတင်က နှုတ်ဆက်၏။

"ကိုသွေးတောင်ရောက်လာပြီ၊ လာသား အောက်ထပ်မှာလူရှုပ်တယ်၊ အပေါ်ထပ်သွားကြတာပေါ့။ မင်းဦးလေးကအပြင်ခဏသွားတယ်။ ပြန်ရောက်ခါနီးပါပြီ၊ ကော်ဖီသောက်ရင်းနဲ့စကားအရင်ပြောကြတာပေါ့"

အန်တီတင်လို့ခေါ်သောဒေါ်တင်တင်ဝင်းနှင့်အန်တီ့အမျိုးသားဦးလှတင့်ဆိုသူတို့မှာ အခုကျွန်တော်လာတဲ့ဆိုင်ပိုင်ရှင်တွေပါ။ အန်တီတင်ကရန်ကုန်သူစစ်စစ်လှည်းတန်းမှာနေထိုင်သူ။ အန်တီ့အမျိုးသားကတော့အညာသား ကျွန်တော်နှင့်ဇာတိတူသူ။ သားသမီးမရှိသောကြောင့် ကျွန်တော်ကိုတူလိုသားလိုချစ်ခင်ကြသူများလည်းဖြစ်သည်။

ကျောင်းထိုင်ဘုန်းကြီး၏တကာရင်းတွေဖြစ်ပြီး ကျွန်တော့်ရဲ့ကျေးဇူးရှင်ဆိုလည်းမမှားပါ။ ဆယ်တန်းဖြေပြီးချိန်လောက်ကစပြီး ကျွန်တော့်ငွေတွေကိုသူတို့ဆိုင်မှာရင်းနှီးထားစေပြီး ငွေကိုတိုးပွားအောင်လုပ်ပေးခဲ့တဲ့သူတွေပါ။ ဘယ်လိုပဲအတိုးပေးပြီးငွေပေးထားတယ်ဆိုဆိုကတိတည်ပြီးမှန်မှန်ကန်ကန်ပြန်ပေးသူက ဒီခေတ်မှာရှားပါသည်။

သို့သော် အန်တီတို့လင်မယားကတော့တကယ့်ကိုမှန်ကန်သူတွေဖြစ်သောကြောင့်ကျွန်တော်ငွေတွေကမပျောက်ပျက်တဲ့အပြင်တိုးပွားလာခဲ့တာ ခုဆိုရင်အန်တီတို့လည်းတိုးတက်ကြီးပွားလာသလိုကျွန်တော်လည်းအတော်အသင့်စုဆောင်းမိနေပါပြီ။

လာရင်းကိစ္စက တိုးရင်းပေါင်းအနေနှင့်ထည့်ထားခဲ့ပါသောကျွန်တော့်ငွေတွေကိုပြန်ထုတ်ရန်လာခြင်းပါ။ ပေးစကတော့အန်တီတင်တို့ကခုလိုဆိုင်ကြီးမဟုတ်ခဲ့ပါ။ ကြိုးစားလုပ်ကိုင်ရင်းမှကြီးပွားလာတော့ ကျွန်တော်အနေနှင့်ဆက်ထားချင်လျှင်တောင် သူတို့အနေနှင့်လိုအပ်တော့မှာမဟုတ်ပါ။ ဒါကြောင့်အလိုက်တသိငွေတွေပြန်ထုတ်ယူရန်ရောက်လာခဲ့ရခြင်းဖြစ်သည်။

ဆုံစည်းခွင့်Where stories live. Discover now