Part 27

9.9K 1.3K 143
                                    

"ဆောရီးနော်အစ်ကို၊ အောက်ဆင်းလာခါနီးမှဒက်ဒီ့ဆီကဖုန်းဝင်လာလို့ပါ"

Lobby မှာစောင့်နေတဲ့ကျွန်တော့်ကိုမင်းထက်နိုင်ကတွေ့တွေ့ချင်းတောင်းပန်၏။ လက်ထဲကိုင်ထားသော ပိုငွေနှင့်ဘောက်ချာဖြတ်ပိုင်းစာရွက်အချို့ကိုလှမ်းပေးလိုက်ရင်း...။

"ရပါတယ်ညီလေး၊ ဒီမှာပိုငွေနဲ့ကုန်ကျစရိတ်ဖြတ်ပိုင်းတွေပါ။ စစ်ကြည့်လိုက်ပါဦး "

"ဟာဗျာ၊ ဘယ်လိုပြောလိုက်တာလဲအစ်ကိုရာ...စစ်စရာလည်းမလိုပါဘူး။ ကယုံကြည်လို့တောင်လိုက်ကိုမကြည့်ခဲ့တာပါ။ ကျွန်တော်ကအားနာရမဲ့လူပါဗျာ၊ ကျွန်တော့်ကြောင့်အစ်ကိုအချိန်တွေအလကားဖြစ်ရပြီလေ"

မင်းထက်နိုင်စကားကြောင့်ပြုံးမိ၏။ ကားအနားပေးခဲ့ရပေမဲ့ တန်ဖိုးရှိတဲ့အချိန်တွေပိုင်ဆိုင်ခဲ့ပါတယ်ဆိုတာကိုခုမှတွေ့တဲ့သူစိမ်းတစ်ယောက်ကိုပြောပြနေဖို့မလိုအပ်ပါ။ ကျွန်တော်ပေးတဲ့ငွေတွေ ကိုစစ်တောင်မကြည့်ဘဲ ပိုက်ဆံအိပ်လေးထဲထည့်သွင်းလိုက်ပြီးမှ ဘောက်ချာတွေကိုတော့ ကျွန်တော့်ဘက်ပြန်ကမ်းပေးရင်း...။

"ဘောက်ချာတွေကိုတော့ အစ်ကိုပဲသိမ်းလိုက်နော်။ ဒီနေ့ကျွန်တော်အားနေတယ်။ အချိန်ရမယ်ဆိုရင် ကော်ဖီသောက်ဖို့ဖိတ်ပါရစေ"

မိတ်ဖြစ်ဆွေဖြစ်အနေနှင့် ကော်ဖီအတူသောက်ရန်ထွက်လာခဲ့ကြသည်။ တစ်ယောက်အကြောင်းတစ်ယောက်မိတ်ဆက်ရင်းမှ မင်းထက်နိုင်ကမြန်မာပြည်ကိုခေတ္တအလည်လာသူဖြစ်မှန်းသိခဲ့ရ၏။ မိဘတွေကစင်ကာပူမှာအခြေချနေထိုင်သောမြန်မာလူမျိုးတွေ။ တစ်ဦးတည်းသောသားဖြစ်တဲ့မင်းထက်နိုင်က မြန်မာပြည်မှာရှိသောဆွေမျိုးတွေဆီမကြာမကြာအလည်လာတတ်သူ။

စင်ကာပူမှာရှိတဲ့နည်းပညာကျောင်းတွင်ပညာသင်ကြားနေပြီး ကိုယ်ပိုင်ကော်ဖီဆိုင်လေးလည်းဖွင့်ထားသူ။ ခေတ်ဆန်တဲ့ဝတ်စားဆင်ယင်မှုတွေနှင့် ပေါပေါ့ပါးပါးနေတတ်သူလို့ထင်ရပေမဲ့ စကားပြောကြည့်လိုက်တော့ထက်ထက်မြတ်မြတ်ရှိပြီး ရည်ရွယ်ချက်ကြီးမားသူတစ်ယောက်ဖြစ်နေသည်။

ကျွန်တော်ကဟိုတယ်တွင် စားဖိုမှူးသင်တန်းတက်နေတယ်ဆိုတာသိလိုက်တဲ့မင်းထက်နိုင်က သူနားလည်တတ် ကျွမ်းသလောက်အကြံဉာဏ်တွေပေး၏။ Online ကနေလေ့လာနိုင်သောနည်းလမ်းတွေကိုလည်းပြောပြခဲ့ပြီး Oversea ထွက်သောအခါလိုအပ်တဲ့ Agent တွေရဲ့ Websideတွေကိုပြောပြသည်။

ဆုံစည်းခွင့်Wo Geschichten leben. Entdecke jetzt