Part 40

11.6K 1.3K 104
                                    

အိမ်ထဲဝင်ဝင်လာချင်းဧည့်ခန်းထဲမှာ TV ကြည့်ရင်းထိုင်စောင့်နေသောကြီးကြီးက သံပန်းတံခါးကိုထဖွင့်ပေးရင်း...။

"နောက်ကျလိုက်တာကလေးရယ်။ ကြီးကြီးကစိတ်ပူနေတာ၊ ကလေးမေမေလည်းပြန်ရောက်ထဲကမေးနေတာ၊ သွားပြောလိုက်ဦးနော်။  စားဖို့ဘာလုပ်ပေးရဦးမလဲ"

"စားပြီးခဲ့ပါပြီ၊ ဘာမှမလုပ်ပေးပါနဲ့တော့"

ပြောရင်းမေမေ့အခန်းဆီခြေလှမ်းပြင်လိုက်ချိန်...။

"ကွန်ပျူတာတွေကြည့်မနေနဲ့ဦးနော်။ အရင်နေ့တွေကလည်းစာတွေကျက်နေရလို့ အိပ်ရေးပျက်နေတာကို၊ အိပ်ခါနီးနွားနို့တစ်ခွက်တော့သောက်လိုက်နော်။ ခဏနေရင်လာပို့ပေးမယ်"

အသေးစိတ်လိုက်ပူပင်နေပါသောကြီးကြီးရဲ့စကားကိုကြားလိုက်စဉ် ရင်ထဲပိုလို့ဝမ်းနည်းလာသည်။

"ဟုတ်ကဲ့ကြီးကြီး"

မျက်နှာကိုလွှဲရင်းမေမေ့အခန်းရှိရာလှမ်းလာခဲ့ပြီး အခန်းထဲမဝင်ခင်မျက်နှာတွင်အပြုံးကိုဆင်မြန်းရပြန်၏။

"မေမေ၊ သားဝင်ခဲ့မယ်နော်"

အခန်းတံခါးကိုအသာခေါက်ပြီးမှဝင်ခဲ့၏။ ကုတင်ပေါ်တွင်မှီထိုင်နေပြီး စာကြည့်မီးနှင့်စာဖတ်နေသောမေမေက မျက်မှန်ကိုကျော်ကာကြည့်လာသည်။

"ကင်းခြေများလေး။ ပြောတော့မေမေမရောက်ခင်အရောက်ပြန်လာပါ့မယ်ဆို၊ ကြည့်စမ်း ၉ နာရီတောင်ခွဲတော့မယ်။ လာ...ဒီနားလာဦး၊ သောက်လာသေးလား"

မေမေ့ဘေးအသာဝင်ထိုင်ပြီး ခြေဖဝါးလေးကိုဆုတ်နယ်လိုက်ရင်းမှ...။

"မသောက်ပါဘူးမေမေရဲ့၊ ဒီတိုင်းသူငယ်ချင်းတွေနဲ့ညစာစားပြီး စကားတွေပြောနေကြတာပါ။ စာမေးပွဲလည်းပြီးပြီဆိုတော့ စိတ်ပြေလက်ပျောက်ပေါ့။ အပြန်သူငယ်ချင်းတစ်ယောက်ကိုအိမ်ပြန်ပို့ပေးနေရလို့ နောက်ကျသွားတာပါ"

မသုံးချင်ဘဲသုံးလိုက်ရသောမုသားစကားတွေက သောကကိုမမျှဝေချင်ရုံသက်သက်သာ။ ကျွန်တော့်ဆီကအရက်နံ့ရမလားရယ်နှာခေါင်းလေးရှုံ့အနံ့ခံလိုက်ပြီးမှ ကျေနပ်သွားပုံနှင့်...။

ဆုံစည်းခွင့်Where stories live. Discover now