Part 12

10.9K 1.6K 88
                                    

မနက်စာစားပြီးကော်ဖီတစ်ယောက်တစ်ခွက်ကိုင်ကာ အိမ်အပေါ်ထပ်သို့တက်ခဲ့ကြ၏။ အခန်းအပြင်ဘက်ဝရံတာလေးတွင် သူငယ်ချင်းနှစ်ယောက်စကားထိုင်ပြောဖြစ်ကြသည်။

"သွေး၊ ငါမေးစရာရှိလို့၊ မင်းအခုအလုပ်လုပ်ရတာအဆင်ပြေရဲ့လား။ တိုးတက်မှုရောရှိရဲ့လား"

နေ့အမေးကြောင့်ခဏတာငြိမ်သက်သွားမိ၏။ အဆင်ပြေလားဆိုတော့ပြေသားပဲ​။ တိုးတက်လားဆိုတော့ဘယ်လိုပြောရပါ့မလဲ။

"အဆင်မပြေစရာတော့မရှိပါဘူး။ တိုးတက်လားဆို သိပ်တော့အားမရဘူးပေါ့ကွာ၊ အချိန်ပိုကသိပ်မရှိဘူးလေ။ ငါကငွေကိုင်ရတာဆိုတော့ သူများတွေလိုခဏခဏခွင့်ယူလို့လည်းမရဘူး။ တက်ချင်တဲ့အချိန်ပိုင်းသင်တန်းတွေကိုမတက်နိုင်ဘူးပေါ့ကွာ "

"ငါလည်းဒါကိုစဉ်းစားနေတာ၊ မင်းအတွက်ဘာလုပ်ပေးရင်ကောင်းမလဲလို့"

"ကိုယ့်ဘာသာစာပဲဖြောင့်ဖြောင့်သင်ပါကွာ၊ ငါ့အတွက်ပူမနေစမ်းပါနဲ့။ ငါလည်းစဉ်းစားနေပါတယ်။ ဒီထက်အဆင်ပြေမဲ့အလုပ်တစ်ခုခုထပ်ရှာမလားလို့"

ကျွန်တော့်စကားကို သာလွန်နေကထောက်ခံသလိုခေါင်းညိမ့်ပြရင်း...။

"နောက်ထပ်တစ်ခုထပ်ရှာလည်း သူတို့ကန့်သတ်တဲ့အလုပ်ချိန်ကြားမှာ မင်းပိတ်မိနေဦးမှာပဲ။ မင်းကကျောင်းလည်းတက်ရဦးမှာဆိုတော့ ကိုယ်ပိုင်အလုပ်ကပိုအဆင်ပြေမလားလို့ငါစဉ်းစားနေတာ"

"လာနောက်နေပြန်ပြီ။ ဘယ်နှယ့်ကိုယ်ပိုင်အလုပ်လဲ၊ ငါ့မှာအရင်းအနှီးလုံလုံလောက်လောက်မရှိသေးပါဘူးကွာ"

ကျွန်တော့်အပြောကို"အ"ရန်ကောဆိုသောအကြည့်နှင့်ကြည့်ကာ...။

"အရင်းအနှီးရှိမှကိုယ်ပိုင်အလုပ်လုပ်ကြစတမ်းဆို လူတွေဘာမှမလုပ်နိုင်ကြတော့ဘူး။ ငါမေးပါဦးမယ် မင်းအခုကားမောင်းတာတော်တော်ကျွမ်းကျင်နေပြီလား"

"မဆိုးပါဘူး။ ဘုန်းကြီးကျောင်းကကားတော့ ငါပဲမောင်းနေရတာလေ။ မြို့ထဲတွေတော့သိပ်မရဲဘူးပေါ့။ ဘေးကလမ်းပြပြီး ပြောပြတဲ့သူပါရင်အဆင်ပြေနေတာပဲ"

ဆုံစည်းခွင့်Where stories live. Discover now