Part 5

16.8K 2K 35
                                    

"ရုန်းမထွက်ချင်သေးဘူးလား" တဲ့
"နာကျင်မှုကို​ရောချစ်လို့ပါ" လို့
ဖြေခဲ့တယ်...။

# Xenon

ပြုပြင်မွမ်းမံခြင်းတွေကြောင့် အရင်အတိုင်းလှပနေသောခြံဝန်းကျယ်ကျယ်လေးထဲရှိနှစ်ထပ်တိုက်အိမ်လှလှလေးရှေ့တွင်ခြေစုံရပ်လိုက်မိသည်။

ကျွန်တော်အတွက် မိသားစုဆိုသည့်နွေးထွေးခြင်းတို့ဖြင့်နားခိုခဲ့ရာနေရာတစ်ခုလည်းဖြစ်ခဲ့ဖူးသည့်​နေရာ။ လူခေါ်ခေါင်းလောင်းကိုနှိပ်တော့ ခြံစောင့်ထင်ရသူကထွက်မေးလာတော့ဖြေကြားကာဝင်လာခဲ့၏။

အိမ်အဝင်ဝကျွန်းတံခါးချပ်က အခေါက်ပေါင်းများစွာလာခဲ့ဖူးပေမဲ့ ဒီတစ်ကြိမ်တွင်အေးစက်သောခံစားချက်တို့နှင့်ဆီးကြို၏။ ကျွန်တော်လာတိုင်းပြေးထွက်ကြိုတတ်သည့်သာလွန်နေသည်ခုချိန်ဘယ်ဆီဝယ်မသိ။

မိသားစုနည်း၍တိတ်ဆိတ်လှသောအိမ်လေးသည် အရင်အတိုင်းတိတ်ဆိတ်ငြိမ်သက်လို့နေ၏။ သာလွန်နေ့မိခင်ပဲရှိသည်ဆိုခြင်းကြောင့် ဆိုဖာပေါ်ထိုင်စောင့်နေရင်းမှ ဧည့်ခန်း၏ပြောင်းလဲမှုအချို့ကိုသတိထားလိုက်မိသည်။

ယခင်ကဧည့်ခန်းနံရံနှင့်အလှစင်များပေါ်တွင် လှလှပပအစီအရီရှိခဲ့ဖူးသော သာလွန်နေ့ဓာတ်ပုံအရွယ်စုံဆိုဒ်စုံတို့သည် လစ်ဟာ​နေလျှက်သား။ တစ်ပုံတစ်လေတောင်မတွေ့ရတော့ပါ။ ပုံမှန်မဟုတ်သည်ကိုခံစားမိချိန် လာတွေ့မိသည်ကမှားများမှားနေပြီလားအတွေးကဝင်လာ၏။

အိမ်အကူက အန်တီခဏနေလာပါလိမ့်မယ်လို့ပြောပြီးပြန်ဝင်သွားသည်။ အပေါ်ထပ်တစ်ထပ်လုံးအပိုင်စားသော အိမ်ကြီးရှင်လေးက ဘယ်ဆီဝယ်မသိ​သေး။ နေ့အိမ်ရောက်တော့မှ အရင်အချိန်တွေပြန်သတိရမိပြီး တွေ့ချင်လာမိသည်။

သည်အိမ်ကိုပထမဆုံးအကြိမ်အလည်လိုက်လာစဉ်က "နေ့"အခန်းရှိရာအပေါ်ထပ်ကိုခေါ်လာစဉ် ကျွန်တော့်မှာအားတုံ့အားနာဖြစ်နေခဲ့၏။

အန်တီက လိုက်သာသွားအပေါ်ထပ်ကသူ့ကမ္ဘာလို့ပြောမှ စိတ်အေးလက်အေးတက်ခဲ့မိသည်။ မိသားစု ၃ ဦးအပြင် အလုပ်သမား ၃ ဦးသာရှိတဲ့သာလွန်နေတို့အိမ်တွင် အန်ကယ်ကသင်္ဘောသားဖြစ်သောကြောင့်အိမ်တွင်အမြဲမရှိတတ်ပါ။

ဆုံစည်းခွင့်Where stories live. Discover now