Special 4 (U)

13.7K 805 280
                                    

မြန်မာပြည်၏ဆိုးရွားလှ​သောနေ့ရက်များကိုကျော်လွန်ခဲ့ပြီးသည့်နောက် အရာအားလုံးဟာအစကနေပြန်စတင်ခဲ့ရသလို တစ်နိုင်ငံလုံးဒုက္ခတွင်းထဲကနေလွတ်မြောက်ခဲ့ပြီး နိုင်ငံရေး စီးပွားရေး လူမှုရေးတို့ကအစ ပြန်လည်ထူထောင်နေရတဲ့ကာလ​ဖြစ်​နေသ​​ဖြင့် စိတ်သစ်လူသစ်နှင့်တက်ကြွလှုပ်ရှားနေ​ကြပါတော့သည်။

ကိုဗစ်ရောဂါကာကွယ်ကုသရန်ဆေးသစ်များထွက်ပေါ်လာ​သော​ကြောင့် ထိမ်းချုပ်ခဲ့နိုင်ပြီဖြစ်၍ပြည်သူလူထုသည် မီးပုံထဲလောင်ကျွမ်းပြီးမှပြန်လည်မွေးဖွားလာတဲ့မီးလျှံငှက်များလို အားသစ်အင်သစ်တို့နှင့်ရှိနေကြ၏။

ကလေးရဲ့ဆေးကုမ္ပဏီတွင်ဝန်ထမ်းသစ်တို့ထပ်မံခေါ်ခဲ့ရသလို မမဆေးရုံ၌လည်းပြန်လည်မွမ်းမံနေခြင်းတို့ကြောင့် မအားလပ်ကြတော့ပါ။ ကျွန်တော်ကတော့လှည်းတန်းကဆိုင်အတွက်အစစအရာရာတာဝန်ယူလိုက်ရသည်။

မေမေက ဗိုလ်ချုပ်စျေးကဆိုင်ကိုသာရံဖန်ရံခါကြီးကြပ်ပေးပြီး အေးအေးသာသာနှင့်နေ​၏။ မိတ်ဆွေဟောင်းများနှင့်တရားစခန်းဝင်ခြင်း၊ နယ်လှည့်ကာဘုရားဖူးသွားခြင်းတို့နှင့်သာ တတိယအရွယ်ကိုဖြတ်သန်းခြင်း​ဖြင့်ငြိမ်းချမ်းနေ​လေသည်။

ဟိုတယ်လုပ်ငန်းတွေပြန်လည်ဖွင့်လှစ်ခဲ့ပြီ​ဖြစ်​​သောကြောင့် သူဌေးသည်လည်းမအားလပ်နိုင်တော့ပါ​ပေ။ သာလွန်​နေတို့က ကလောမြို့တွင်ပုဂ္ဂလိကအထူးကုဆေးရုံတစ်ခုဖွင့်လှစ်ရန် စတင်လုပ်ဆောင်နေ​ကြသည်။

*********************************

ပန်းတိမ်ကနေယူလာတဲ့အထည်သစ်များကို စာရင်းမှတ်ကာစစ်ဆေးပြီးမှဆိုင်မန်နေဂျာလက်ထဲလွှဲလိုက်ပြီး တစ်ယောက်ထဲအတွေးတို့နယ်ချဲ့နေမိစဥ် မြည်လာတဲ့ဖုန်းသံကြောင့်ကြည့်လိုက်ရင်းမှ...။

"ဟုတ်ကဲ့မေမေ "

"သား ကိုသွေး၊ မနက်ဖြန်ညနေအိမ်မှာဘုရားကိုးဆူကပ်မှာကို သားချက်​ပေးမလို့ဆို"

"ဟုတ်ကဲ့မေမေ၊ လူအများကြီးလည်းဖိတ်ထားတာမှမဟုတ်တာ သားချက်နိုင်ပါတယ် "

ဆုံစည်းခွင့်Where stories live. Discover now