Part 55 (Final)

24.3K 1.6K 336
                                    

ဖုန်းဝင်လာသံကြောင့် တစ်ယောက်တစ်နေရာစီထိုင်ပြီးအတွေးလွန်နေသူနှစ်ဦးသားလက်ရှိကာလကိုပြန်ရောက်ရှိလာ၏။ သွေးသစ်ကဖုန်းကိုဖွင့်နားထောင်ပြီးမှထရပ်လိုက်​ပြီး...။

"နေ၊ မင်းအတွက်အစီအစဉ်ကောင်းတစ်ခုရှိနေပုံပဲ"

"ဘယ်သူဆက်တာလဲ"

ကျွန်တော့်အမေးကိုခပ်သဲ့သဲ့ပြုံးပြရင်းနောက်ကျောတွင်ကပ်ရပ်ကာ သူ့အင်္ကျီအိတ်ထဲမှပုဝါဖြူတစ်စထုတ်​ပြီးကျွန်တော့်မျက်လုံးကိုခပ်တင်းတင်းစည်းနှောင်​နေ၏။

"ဘာလဲဟ။ ဒါဘာအစီအစဉ်လဲ။ ငါလည်းဘာမှမသိရပါလား"

"မင်းမသိအောင်လုပ်ထားပါတယ်ဆိုမှမင်းသိစရာလား။ ငြိမ်ငြိမ်လေးငါ့လက်ကိုကိုင်ပြီး ရဲရဲသာနောက်ကလိုက်လာခဲ့။ ဖြေးဖြေးချင်းလျှောက်နော်"

နှစ်ဦးသားပွဲကျင်းပရာဘက်သို့လျှောက်လှမ်းလာခဲ့ကြသည်။ တံခါးကိုအဖွင့်အသင့်စောင့်နေသောကလေးမလေးက သွေးသစ်ထံရိုးတံရှည်ရှည်နှင့်နီရဲလှပသောနှင်းဆီနီလေးတစ်ပွင့်ကမ်းပေးလာသဖြင့် လက်တစ်ဖက်ဖြင့်လှမ်းယူလိုက်ရသည်။ လက်တစ်ဖက်ကသာလွန်နေ့ကိုဖေးကူကာ ဂရုတစိုက်ခေါ်လာခဲ့ရ၏။

ပွဲသည်တိတ်ဆိတ်နေသလို၊ မီးများကိုမှိန်ချထားရင်းအဝင်လမ်းဘေးတစ်ဖက်တစ်ချက်အလင်းမီး​တွေသာချန်ထား၏။ သတ်မှတ်ထားတဲ့အဝင်ပေါက်ဝ၊ ပန်းကလေးများနှင့်အလှဆင်ထားသောနေရာအရောက်တွင် Key Board မှတီးလုံးသံလေးကပျံ့လွင့်လာ​​လေ၏။

မှာထားသည့်အတိုင်း သာလွန်နေ့မျက်လုံးကိုစည်းထားသောပုဝါစကိုအသာဖြည်ပေးလိုက်ရင်း လက်ထဲကနှင်းဆီပန်းလေးကိုလှမ်းပေးလိုက်ချိန်...။

*********************************

🎶 အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း... အာရုံမှာငြိတဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ ...မင်းရဲ့... မင်းရဲ့ အချစ်မျက်ဝန်း 🎶

Intro တီးလုံးနှင့်အတူပျံလွင့်လာသောအသံချိုချိုလေးကြောင့် စတိတ်စင်ဘက်ကိုလှည့်ကြည့်လိုက်မိသည်။ မီးရောင်ကစတိတ်ပေါ်သာကွက်ထွန်းထားခြင်းကြောင့် စင်ပေါ်တွင်သီဆိုနေသူကိုထင်ထင်ရှားရှားတွေ့လိုက်ရသည်။

ဆုံစည်းခွင့်Kde žijí příběhy. Začni objevovat