Part 42

10.2K 1.3K 162
                                    

ညကလည်းတော်တော်နှင့်အိပ်မပျော်နိုင်ခဲ့။ မနေ့ညနေကကလေးဆီကိုသွားခဲ့ပေမဲ့ ချန်ရစ်ခံခဲ့ရတော့စိတ်ညစ်ညစ်နှင့်ကိုမြတ်တို့ဆိုင်သွားပြီး ခံစားချက်တွေကိုပထမဆုံးအကြိမ်သူစိမ်းတစ်ယောက်ကိုရင်ဖွင့်ခဲ့မိသည်။

တစ်ယောက်အကြောင်းတစ်ယောက်ပြောပြရင်းမှ ကျွန်တော်တို့နှစ်ဦးမှာပိုလို့တောင်ရင်းနှီးသွား၏။ အဖြစ်အပျက်အနေအထားတွေကမတူပေမဲ့ ကျန်ရစ်ခဲ့ရမဲ့အနေအထားကနီးနီးစပ်စပ်တူနေတယ်မဟုတ်လား။ ကျွန်တော့်ထက်အခြေအနေပိုဆိုးတဲ့မင်းထက်နိုင်ကတောင် ပြန်၍နှစ်သိမ့်နေရသည်။

စိတ်ပြေလက်ပျောက်ဖြစ်အောင်သောက်စားနေရင်းမှ သိချင်ခဲ့သောအကြောင်းအရာတွေကိုလည်းမေးခဲ့ရသေး၏။ ကျွန်တော့်ကိုခေါ်သောအခေါ်အဝေါ်ကိုသိလိုက်ရချိန် နားတွေတောင်ပူထူသွားမိသည်။

အမှန်အတိုင်းရရင် ကလေးအပေါ်ကျွန်တော်ချစ်တဲ့စိတ်က အဲလိုမျိုးတွေအထိမတွေးခဲ့ဖူးပါ။ တကယ့်ကိုသန့်သန့်ရှင်းရှင်းတွယ်တာမိခဲ့တာမျိုး။ ညီငယ်လေးတစ်ယောက်လိုစတင်တွယ်တာခဲ့ပြီးချစ်ခဲ့ရလို့လည်း ဘာဘာညာညာတွေထိတစ်ခါမှအတွေးမလွန်ဖူးခဲ့တာလည်းပါ၏။ 

မူးမူးရူးရူးနှင့်နမ်းခဲ့လိုက်မိသောအဖြစ်ကို ကလေးကိုယ်တိုင်မသိခဲ့ပေမဲ့ကျွန်တော့်ကိုယ်ကျွန်တော်တောင်သိပ်ပြီးကျေနပ်ခဲ့တာမဟုတ်ခဲ့ပါ။ ဒီလောက်ထိတောင်တန်ဖိုးထားချစ်ရတဲ့သူလေးပါ။ ဒီလိုပြောပြမိတော့ မင်းထက်နိုင်မှတ်ချက်ချလိုက်ပုံက အစ်ကိုကမနီးစပ်ဖူးသေးလို့ပါတဲ့။ ချစ်မိကြတဲ့လူတိုင်း အချစ်ရဲ့နောက်မှာတွဲပါလာတတ်တဲ့နီးစပ်မှုတွေကို တွန်းလှန်နိုင်ဖို့ကမလွယ်ကူပါဘူးတဲ့လေ။

သောက်ရင်းစားရင်းမှကြားဝင်ပြီးထထလွမ်းနေမိတော့ ဖုန်းကိုထုတ်ကာကလေးပုံလေးတွေကိုအလွမ်းပြေကြည့်ရပြန်၏။ မင်းထက်နိုင်ကတော့ကျွန်တော့်အဖြစ်ကိုကြည့်ပြီး ငိုအားထက်ရယ်အားများနေပါတော့သည်။ ဘာမှတောင်မသက်ဆိုင်သေး ဒီလောက်ကြေကွဲဝမ်းနည်းနေပုံက သူ့လိုအခြေအနေမျိုးဆိုဘယ်နှယ့်လုပ်မလဲတဲ့။

ဆုံစည်းခွင့်Where stories live. Discover now