Part 29

9.7K 1.4K 59
                                    

"ကိုသွေး"

"ဗျာ Chef"

"အသီးတွေကိုလှီးပြီးရင်ဒီဘက်လာခဲ့ဦး။ ကိုယ်ဟင်းပွဲတွေစချက်တော့မယ်၊ မင်းလာကူပေး"

"ဟုတ်ကဲ့ Chef၊ လာပါပြီခင်ဗျ"

အဆင်သင့်ချက်ရန်အတွက်ပြင်ဆင်ရသော အသီးအနှံလှီးခြင်း၊ အရွက်တွေဆေးကြောခြင်း၊ ထုတ်ပိုးသိမ်းဆည်းရခြင်းတွေက Cook helper များလုပ်ဆောင်ရတယ်ဆိုပေမဲ့ ဒီမှာကျလုပ်ချင်သူကအတော်ရှားသည်။ ပန်းကန်ဆေးသမားလေးတွေကို အားလျှင်အားသလိုခိုင်းတတ်ကြပြီး လုပ်ရမဲ့သူတွေကအချောင်ခိုနေတတ်တာကိုတွေ့နေရတတ်၏။

အဆင့်ဆင့်လုပ်ဆောင်ရတာမျိုးဆိုပေမဲ့ တစ်ချို့ Cook helper တွေကအဆင့်ကျော်ပြီး ချက်ပြုတ်တဲ့ဘက်ကိုပဲအလေးထားလွန်းသောကြောင့် နောက်ပိုင်းတွေလစ်ဟင်းရပေါင်းလည်းမနည်းခဲ့ပါ။ ကျွန်တော်တစ်ယောက်ထဲဒိုင်ခံပြင်ဆင်ပေးခဲ့ပါသော်လည်း ဧည့်သည်ကျသည့်ရက်မျိုးတွင်ပစ္စည်းတွေကအဆင်သင့်မရှိခြင်းကြောင့် ကသီခဲ့ရတာလည်းအခါခါ။

အချင်းချင်းတွေဖြစ်နေသောကြောင့်မပြောချင်ပေမဲ့ အလုပ်မတွင်ကျယ်တာတော့အမှန်။ အဆူခံအပြောခံရတော့ အားလုံးသိမ်းကျုံးပြီးပြောခံရ၏။ ခုလည်းအရေးကြီးတဲ့ပြင်ဆင်ရေးထက် ချက်ပြုတ်သောနေရာတွင်သာလူစုနေခြင်းကြောင့် Assistant Chef က အလုပ်တာဝန်တွေကိုခွဲဝေပေးနေ၏။

ကိုယ့်တာဝန်ကိုယ်ပြင်ဆင်နေချိန်တွင် Chinese Chef ကလှမ်းခေါ် လိုက်ခြင်းဖြစ်သည်။ Dinner ပွဲကြီးရှိသောကြောင့် Kitchen ထဲတွင်ဗြောင်းဆန်နေကြ၏။ အခေါ်စကားအရကျွန်တော်က Chef ကို ကူလုပ်ပေးရတော့မယ်ဆိုတာကိုသိလိုက်သောကြောင့် လှုပ်ရှားနေသောစိတ်နှင့်အနားတိုးကပ်သွားချိန်...။

"လိုက်မှတ်။ ပုဇွန်တန်ပူရာ၊ ဝက်ချိုချဉ်၊ ကိုက်လန်ခရုဆီ ၊ ကြက်ကြံမဆိုင်ဟင်းရည်ဆယ်ပွဲစီထုတ်ပေးရမယ်။ ဝက်ချိုချဉ်နဲ့ကိုက်လန်ခရုဆီ ၂ မျိုးကိုမင်းချက်လိုက်။ ပြီးရင်ဟင်းပွဲတွေအားလုံးစစ်ဆေးပြီးမှ ရှေ့ကိုထုတ်ပေးလိုက်၊ ရတယ်နော် "

"ဟုတ် Chef၊ ဟိုနေ့က Chef ပြထားတဲ့ Plating အတိုင်းပဲထွက်လိုက်မယ်နော်"

ဆုံစည်းခွင့်Where stories live. Discover now