Part 44

10.1K 1.3K 182
                                    

လူတွေ့စစ်ဆေးပြီးသည့်နောက် အလုပ်ကအဆင်ပြေသွားပြီဖြစ်၍သိပ်မကြာခင်ထွက်ခွာရတော့မည်။ လိုအပ်တာတွေကိုစတင်စီစဉ်နေရပြီး အလုပ်ကိုလည်း Resign တင်ထားလိုက်ရသည်။မြေကွက်ကိစ္စအဝဝကို ဦးလေးဦးလှတင့်ထံသာအပ်ခဲ့လိုက်ရပြီး ရည်ရွယ်ထားသည့်အတိုင်းကျေးဇူးရှိခဲ့ဖူးသူများကိုလက်ဆောင်များနှင့်ကန်တော့ကာ နှုတ်ဆက်ခဲ့ပြီးပြီ။ 

သာလွန်နေ့မေမေကို သွားခါနီးမှသေချာနှုတ်ဆက်ကန်တော့မှာဖြစ်သောကြောင့် အန်တီ့ဆီကိုမရောက်ဖြစ်သေးပါ။ အန်တီလည်းမမမင်္ဂလာကိစ္စနှင့် အားတယ်မရှိပါ။ ဒီနေ့ အလုပ်ကအပြန်တွင် လိုအပ်သောပစ္စည်းတစ်ချို့ကိုကြိုတင်ဝယ်ပြီးသည့်နောက် လှည်းတန်းကအန်တီ့ဆိုင်ကိုဝင်လာခဲ့သည်။ ဝင်လိုက်မိတဲ့ခြေလှမ်းတွေက တစ်စုံတစ်ယောက်ကိုအမြင်မှာရပ်တန့်သွား၏။

"ဟယ် ကိုသွေး၊ ကြီးကြီးကခုပဲမင်းအန်တီကိုမေးနေတာ၊ အိမ်ဘက်လည်းရောက်မလာတာကြာနေလို့ နေမှကောင်းရဲ့လားဆိုပြီး"

"နေကောင်းပါတယ်။ အလုပ်နည်းနည်းများနေလို့ပါ၊ ကြီးကြီးရောနေကောင်းတယ်နော်"

"ကောင်းပါ့ကောင်းပါ့။ အိမ်မှာလည်းပွဲအတွက်အလုပ်များနေကြတာကိုသွေးရဲ့။ ကြီးကြီးဝတ်စားဖို့အတွက်တောင် ခုမှလာဝယ်ရတယ်လေ"

လူကြီးနှစ်ယောက်နှင့်အတူဝင်ထိုင်လိုက်ပြီး မေးမြန်းနေတာတွေကိုဖြေနေရင်းမှ ခပ်လှမ်းလှမ်းတွင်ရပ်နေသောကလေးရှိရာဆီမသိမသာခိုးကြည့်မိသည်။ ကျွန်တော်တို့ဘက်ကိုကြည့်မနေဘဲ ခင်းကျင်းထားတဲ့ပိတ်စတွေကိုသာစိတ်ဝင်တစားကြည့်နေ၏။ မမြင်ရတာကြာနေသောမျက်နှာလေးကိုသတိလက်လွတ်ငေးကြည့်မိပြန်သည်။ 

တကယ်ကိုအသည်းမာသူလေးပါဗျာ။ သူစိတ်ချမ်းသာသလိုနေပေးလိုက်ရပေမဲ့ စိတ်ထဲမှာတော့ပူလောင်လွန်းသည်။ ကြီးကြီးကသတိထားမိပုံနှင့် လက်ညှိုးလေးကွေးပြကာကလေးဘက်ကိုမေးငေါ့ပြရင်းတိုးတိုးမေး၏။

"ကောက်တေးလေးကကောက်နေပြန်ပြီလား။ ခုတလောငြိမ်နေသလားမှတ်တယ်၊ ညီအစ်ကိုတွေဘာဖြစ်ကြပြန်ပြီလဲ"

ဆုံစည်းခွင့်Where stories live. Discover now