Part 51

13.4K 1.4K 190
                                    

"ဟယ်လိုသွေး ပြော"

"မင်းအားလား၊ ငါမြို့ထဲရောက်နေတယ်။ အားရင်ခဏထွက်ခဲ့ပါလား၊ တစ်ခုခုစားရအောင်"

"အင်း ခဏတော့ရပါတယ်"

"ငါဆေးရုံအရှေ့မှာစောင့်နေတယ်"

ဖုန်းကိုချ၊ ဂျူတီကုတ်ကိုချွတ်ပြီးမှ ဆေးရုံရှေ့ခပ်သုတ်သုတ်ထွက်ခဲ့တော့ ဆေးရုံပေါက်ဝတွင် DT ဆိုင်ကယ်တစ်စီးပေါ်ကသွေးသစ်။

"မိုက်တယ်၊ မင်းဝယ်လိုက်တာလား"

မြင့်မားတဲ့အရပ်နှင့်ဆိုင်ကယ်မြင့်မြင့်ကတကယ်ပဲလိုက်ဖက်လွန်းနေ၏။ ရှည်လျားတဲ့ခြေတံတွေကဆိုင်ကယ်ကိုခွထားလျှက် ​​ခြေတစ်ဖက်ထောက်ထားပုံက မိမိုက်​နေသည်။

"ကလေးတစ်ယောက်ဟာကိုခဏယူလာတာပါ။ တက်လေ၊ ဒီနားကရှမ်းခေါက်ဆွဲဆိုင်ကိုပဲသွားလိုက်မယ်"

သိပ်မဝေးတဲ့ရှမ်းခေါက်ဆွဲဆိုင်ရှေ့ရောက်တော့ဝင်ထိုင်ရင်းမှ...။

"ဘယ်ကိုလာတာလဲ၊ ဒီနေ့မင်းနားရက်လား"

"ဟုတ်တယ်၊ ကိစ္စရှိလို့မနက်ထဲကမြို့ထဲရောက်နေတာ၊ ခုမှအားလို့မင်းကိုလာခေါ်လိုက်တာ"

သူ့ရှိရာဟိုတယ်ကို နှစ်ကြိမ်မြောက်သွားပြီးတဲ့နောက်မှာတော့ အရင်ကသွေးသစ်ကိုပြန်လည်ပိုင်ဆိုင်ခဲ့သည်။

"ဘာလာလုပ်တာလဲ။ အကူအညီလိုရင်ပြောလေ၊ ငါတတ်နိုင်တာဆိုကူညီမှာပေါ့"

"ငါဈေးနားဝန်းကျင်မှာ ဆိုင်ခန်းကျယ်ကျယ်တစ်ခန်းလိုချင်လို့လာစုံစမ်းတာ။ ပွဲစားလည်းပါတယ်"

"တွေ့ပြီလား၊ နေပါဦး မင်းကဆိုင်ခန်းဘာလုပ်မလို့လဲ"

"Kitchen နဲ့ပတ်သက်တဲ့ပစ္စည်းဆိုင်ဖွင့်မလားလို့၊ ဟိုမှာထဲကစိတ်ကူးထားတာလေ။ တစ်သက်လုံးဟိုတယ်မှာချည်းမလုပ်ချင်ဘူး။ ဒီတော့ ငါနားလည်တဲ့ဒီ Kitchen ပစ္စည်းအရောင်းဆိုင်ဖွင့်ထားချင်လို့၊ အခုတော့မြေစမ်းခရမ်းပျိုးမို့ ခပ်ကျဲကျဲပေါ့ကွာ။ အခြေအနေကြည့်ပြီးမှထပ်ချဲ့သင့်ရင်ချဲ့မယ်လို့တွေးထားတယ်"

"အိုးခွက်ပန်းကန်တွေလား"

"ဟားဟားဟား သာလွန်နေရာ၊ ငါကအိုးခွက်တွေရောင်းမလားကွ"

ဆုံစည်းခွင့်Where stories live. Discover now