Part 50

13.9K 1.5K 179
                                    

မေမေ့ဆိုင်ကိုလာရင်း အန်တီ့ဆိုင်ဘက်ကိုဝင်လာခဲ့လိုက်သည်။ ကိုနေအိမ်ကထွက်သွားပြီးကတည်းက အန်တီ့ဆီကိုမကြာမကြာဝင်ထွက်ပြီး အဖော်ပြုပေးနေရသည်။ 

ကျွန်တော်တို့မိသားစုရဲ့ ကံဆိုးတဲ့နေ့ရက်တွေအပြီးမှာတော့ အန်တီတို့ဘက်ကတစ်စခန်းထလာသောကြောင့်
အတော်ဗြောင်းဆန်ခဲ့တဲ့နှစ်တွေလို့ ဆိုရပါ​တော့မည်။ မထင်မှတ်ပါဘဲသိလိုက်ရတဲ့ကိုနေ့အကြောင်းက ဆွေမျိုးအသိုင်းအဝိုင်းကြားမှာရှက်စရာတစ်ခုလိုဖြစ်သွားခြင်းကြောင့် မိသားစုအတွင်းပြဿနာများစွာတက်ခဲ့သည်။

အိမ်ကနှင်ချခြင်းခံရတဲ့ကိုနေကလည်းပြတ်ပြတ်သားသားကိုရွေးချယ်သွားနိုင်သူ။ ကိုနေ့ပုံစံကိုကြည့်ပြီး ဒီလောက်ခေါင်းမာလိမ့်မယ်လို့မထင်ခဲ့တာကြောင့် အမျိုးတွေကြား​တော်တော်ဂယက်ရိုက်သွားခဲ့တာပေါ့။ 

အဖြစ်အပျက်တွေကြားသိခဲ့ရတဲ့ကြီးကြီးကတော့ ရင်ဘတ်ကိုတီးကာဖြင့်နှုတ်ဝဋ်လည်တာဟုပြော၍ ငိုပါတော့သည်။ မင်းထက်နိုင်ကိုကဲ့ရဲ့စကားဆိုခဲ့မိလို့မှမကြာ တူဖြစ်သူကလည်းဂေး​နေပါတယ်ကြေငြာတော့ ဝဋ်လည်တာပါလို့ပြောပြောငိုခြင်းဖြစ်သည်။

ကြီးကြီးကိုကြည့်ပြီး ကျွန်တော့်မှာလိပ်ပြာမလုံနိုင်ပါ။ ကျွန်တော်ကရောဘာထူးလို့လဲ။ လူမသိသူမသိကွဲကြေနေရတဲ့နှလုံးသားက မျိုးတူယောက်ျားတစ်ယောက်အတွက်ဆိုတာကို မသိကြသေးလို့ပါ။ သိများသိသွားရင် ကြီးကြီးသေများသွားမလားရယ်တွေးပူမိ၏။

"မင်းအစ်ကိုနဲ့ရောအဆက်အသွယ်ရရဲ့လား"

"ရပါတယ်၊ အမြဲမဟုတ်တောင်ဖေ့စ်ဘွတ်ကနေသူဘာလုပ်တယ်၊ ဘယ်သွားတယ်ဆိုတာကိုမြင်နေရတာပဲ။ ကို​နေကအဆင်ပြေပါတယ်၊ အန်တီသာနေကောင်းအောင်နေ၊ ကျန်းမာရေးကိုဂရုစိုက် သိပ်ပြီးစိတ်ပူမနေပါနဲ့"

"သားကိုမေးရဦးမယ်၊ မင်းအကိုမှာချစ်သူတွေဘာတွေရှိနေပြီတဲ့လား။ အန်တီသိချင်လို့ပါ"

"အဲဒါတော့ကျွန်တော်လည်းမသိဘူးအန်တီရဲ့၊ ကျောင်းတုန်းကလည်းဘာသံမှမကြားမိခဲ့ပါဘူး။ တွဲသွားတွဲလာလည်းမတွေ့ဖူးသလို ရှိတာလည်းကိုသွေးသစ်နဲ့ပဲရှိခဲ့တာလေ"

ဆုံစည်းခွင့်Место, где живут истории. Откройте их для себя