Special 1 / Unicode

17K 1.1K 193
                                    

🔞🔞🔞
ထုံးစံအတိုင်း Warning ပါရှင့် 😁
၁၈ နှစ်မပြည့်သေးသူများလုံးဝလုံးဝမဖတ်ပါနဲ့ရှင်။ ပြည့်ပြီးသူများကတော့ ဖတ်ဖြစ်အောင်ဖတ်ပါရှင့် 😜

*************

2020 September

အေးစိမ့်နေသောအခန်းထဲတွင် နွေးနွေးထွေးထွေးအနေအထားနဲ့နိုးထလာချိန်မျက်ဝန်းကိုညင်သာစွာအဖွင့်မှာ နေရောင်ခြည်လဲ့လဲ့ကလိုက်ကာကြားကတစ်ဆင့်ဖြာဆင်းနေပြီ။ နံရံပေါ်ကနာရီလေးက ၉ နာရီထိုးရန်မိနစ်ပိုင်းမျှသာလိုတော့သည်။

အိပ်ရေးမဝတဝအနေအထားမှာ ခန္ဓာကိုယ်တစ်ခုလုံးကနုံးချိနေ၏။ ခါးရိုးတစ်လျှောက်တဆစ်ဆစ်ကိုက်ခဲနေသည်ကိုသတိပြုလိုက်မိချိန် ရှိန်းကနဲဖြစ်သွားသောခံစားမှုနှင့်နှုတ်ခမ်းလေးကိုက်ကာပြုံးလိုက်မိသည်။

တဆက်ထဲခန္ဓာကိုယ်တစ်ခုလုံးက ရင်ခွင်ကျယ်တစ်ခုထဲနစ်မြုတ်နေတာကိုလည်းသိလိုက်ရပြန်၏။ တင်းကျပ်လွန်းတယ်မဟုတ်ပေမဲ့ လှုပ်ရှားလို့မရအောင်ဖက်ထွေးထားခံနေရတဲ့အဖြစ်။ ဖက်ထွေးခံထားရတဲ့အနေအထားကနေ အားတင်းကာဖြည်းဖြည်းချင်းကိုယ်ကိုလှည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော မျက်နှာချောချောတစ်ခုကိုနီးနီးကပ်ကပ်ရင်ဆိုင်လိုက်ရသည်။

အပေါ်ပိုင်းဘာမှမဝတ်ထားတဲ့ရင်ဘတ်ကြွက်သားများက ကျစ်လစ်မာကျောနေ၏။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခြင်းကြောင့် မျက်နှာပြင်ကငြိမ်းချမ်းနေတော့သည်။

ဘာလိုလိုနှင့်အစ်ကိုရန်ကုန်ရောက်လာတာ ၃ လ ကျော်ရှိနေပြီ။ ဟိုတယ်လုပ်ငန်းတွေကလုံးဝကိုပိတ်သိမ်းထားရခြင်းကြောင့် အစ်ကိုကအလုပ်ပြန်မဝင်ရသေးပါ။ ကျွန်တော်ကတော့ဒီလိုအခြေအနေကို ပိုပြီးတောင်သဘောကျ၏။

အားနေတဲ့အစ်ကိုကကျွန်တော့်နားမှာနေပြီး အလုပ်တွေကိုတတ်နိုင်သလောက်ကူညီပေးနေတော့ အမြဲစားအတူလာအတူ။ ကျွန်တော်လည်းသက်သာနေသလို အစ်ကိုလည်းပျင်းမနေရတော့ဘူးပေါ့။ လောလောဆယ်အခြေအနေအရ အစ်ကိုကကျွန်တော့်အလုပ်​တွေကိုကူညီနေတယ်ဆိုပေမဲ့ သူဝါသနာပါတဲ့ချက်ပြုတ်​​ခြင်းကိုလည်းဆက်ပြီးလေ့လာနေဆဲပါပဲ။

ဆုံစည်းခွင့်Nơi câu chuyện tồn tại. Hãy khám phá bây giờ