Extra 3

22.3K 1.4K 219
                                    

နားရက်ယူထားပေမဲ့ ဘယ်ကိုမှမသွားချင်တဲ့ ကျွန်တော်တို့နှစ်ယောက်မနက်စာစားပြီးတော့ ခြံထဲဆင်းပြီးလမ်းလျှောက်ကာ ကလောမြို့လေးရဲ့နံနက်ခင်းကိုအတူဖြတ်သန်းနေကြ၏။

ကိုနေရဲ့အိမ်လေးက ကုန်းမြင့်ပေါ်ကခြံဝန်းကျယ်ကျယ်ထဲက အတော်အတန်ကျယ်ဝန်းတဲ့ တစ်ထပ်တိုက်အိမ်လေးပါ။ ခြံကကျယ်ဝန်းသလောက် သီးပင်စားပင်အချို့လည်းစိုက်ပျိုးထားတော့နေချင်စရာကောင်းလှပါ၏။

အိမ်ဘေးဘက်ခြမ်းကအောက်ဘက်ကို ခပ်နိမ့်နိမ့်ပြေဆင်းသွားတဲ့ မြေအနေအထားကြောင့် ပတ်ဝန်းကျင်မြင်ကွင်းကို အမြင့်ပိုင်းကစီးမြင်နေရ၏။ ထောင့်ခြံကွက်ဖြစ်တာကြောင့် ခပ်ဝေးဝေးကတောင်တန်းကြီးတွေကိုတောင်လှမ်းမြင်နေရလို့ ပိုလို့တောင်နေချင်စရာကောင်းတဲ့ ဝန်းနဲ့ခြံလေးပါ။ မြို့ထဲနဲ့ဝေးတဲ့နေရာလေးမို့ အိမ်တွေကခပ်ကျဲကျဲနှင့်ခြံကွက်အလွတ်တွေကများပါသည်။ သို့သော်လူလည်းမပြတ်ပါ။ စိုက်ပျိုးရေးခြံတစ်ချို့လည်းရှိတာကြောင့် လူအသွားအလာလည်းပြတ်၍မနေပါ။

ခြံဘေးဘက်ရှိဆင်ခြေလျောနေရာလေးရဲ့မြက်ခင်းပြင်မှာထိုင်ချလိုက်တော့ အစ်ကိုကလည်းကျွန်ဘေးကပ်ရပ်မှာဝင်ထိုင်လိုက်ပြီး မြင်နေရတဲ့တောင်တန်းကြီးတွေဆီမျှော်ကြည့်လိုက်ရင်းမှ

"ဒီအိမ်လေးက နေ့ကိုသူဌေးကနေဖို့ ပေးထားတဲ့တိုက်လေးပေါ့။ မြို့ထဲမှာလည်းအိမ်တွေရှိပေမဲ့ နေကအေးအေးချမ်းချမ်းနေချင်တယ်ဆိုပြီး ဒီအိမ်ကိုရွေးလိုက်တာ။ အိမ်ကအစ်ကို့ဟိုတယ်နဲ့နီးလို့လည်း သူရွေးလိုက်တာလည်းဖြစ်မှာပေါ့။ ဒါကနန်းသဲရွာလို့ခေါ်တယ်လေ။ ကလေးသတိထားမိလား၊ ကလောနဲ့တော်တော်လှမ်းတယ်။ ဒါပေမဲ့စည်ပါတယ်။ အရင်ကမြေဈေးတွေသိပ်မရှိပေမဲ့ အခုအဝယ်တွေလိုက်နေလို့ဈေးတွေခုန်တက်လာပြီ။ အစ်ကိုတောင်မြေတကွက်လောက် ဝယ်မလားလို့စဉ်းစားနေတာ၊ ကလေးရောဒီလိုနေရာမျိုးလေးမှာ နေရတာကြိုက်လားဟင်၊ အစ်ကိုတော့သိပ်သဘောကျတာပဲ။ အစ်ကို့ဘဝရဲ့တတိယအရွယ်ကို ဒီလိုအေးချမ်းတဲ့တောင်ပေါ်မြို့လေးမှာ အခြေချပြီးနေသွားဖို့ရည်ရွယ်ထားတယ်"

ဆုံစည်းခွင့်Tahanan ng mga kuwento. Tumuklas ngayon