Part 23

9.5K 1.3K 26
                                    

ဒုန်းခနဲနေအောင်တိုက်ခံလိုက်ရတဲ့အရှိန်ကသိပ်မများလိုက်ပါ။ သို့သော်ကားကပါကင်ကနေစထွက်စမို့ သတိမထားမိလိုက်တဲ့ကျွန်တော်မှာ ရင်ဘတ်နှင့်စတီယာရင်ပစ်ဆောင့်မိလိုက်သောကြောင့်အောင့်မျက်သွားသည်။ ဘက်မှန်ကနေကြည့်လိုက်မိတော့ ကျွန်တော့်ကားနောက်ကပ်လျှက်တွင် Surf တစ်စီး။

ကျွန်တော့်ကားကခုမှကားပါကင်ကထွက်ကာစကို သူ့ကားကအနောက်ကနေဝင်ဆောင့်လိုက်ခြင်း။ အလွတ်ကြီးအခြေအနေမှာ တစ်ဖက်ကားမောင်သူမူးများနေသလားအတွေးနှင့်ကားပေါ်ကနေသတိထားဆင်းလိုက်၏။ ထိစပ်နေသောကားနှစ်စီးနေရာကိုကြည့်မိတော့ ကားနောက်ပိုင်းမှာအနည်းငယ်ချိုင့်နေပြီး မီးလုံးတစ်လုံးကမွမွကြေနေသည်။

ကားစမောင်းပါပြီဆိုကတည်းကသေသေချာချာဂရုတစိုက်မောင်းခဲ့သောကြောင့် တစ်ခါမှထိခိုက်ခဲ့ဖူးခြင်းမရှိခဲ့ပါ။ ပထမဆုံးအကြိမ်ဖြစ်သဖြင့်အပျက်အစီးကိုသေချာစစ်ဆေးကြည့်ရသည်။ တစ်ဖက်ကားမောင်းသူကိုကြည့်လိုက်မိတော့ အမျိုးသားငယ်တစ်ဦး။ စတီယာရင်ပေါ်မျက်နှာကိုမှောက်ချထား ခြင်းကြောင့် ထိတ်ခနဲဖြစ်သွားမိပြီးအနားကပ်ကာမေးမိ၏။

"ဒီမှာ ဒီမှာ၊ ဘာများဖြစ်သွားသေးလဲခင်ဗျ၊ ကျွန်တော်ဘာကူညီပေးရမလဲ"

ခေါ်သံကြားမှတဖြည်းဖြည်းချင်းခေါင်းကိုမော့လာ၏။ ချောမောသောမျက်နှာပြင်ထက်ရွှဲစိုနေသောမျက်ဝန်းတို့ နှင့်မို့ ငေးကြောင်ကြည့်မိသည်။ ကားဒက်ရှ်ဘုတ်ပေါ်ကတစ်ရှူးစတွေကိုလှမ်းယူပြီး မျက်နှာပြင်အနှံ့ပွတ်သုတ်လိုက်ပြီးမှထိုလူငယ်ကကားပေါ်ကဆင်းလာ၏။

"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်အမှားပါ။ အစ်ကို့ကားအတွက်အားလုံးတာဝန်ယူပါတယ်ခင်ဗျ"

ယဉ်ယဉ်ကျေးကျေးတောင်းပန်လာသူရဲ့အသံက ငိုရှိုက်ပြီးကာစဖြစ်နေသောကြောင့် ကြားလိုက်ရတဲ့စိတ်နှလုံး ကိုနောက်ကျိသွားစေပါတော့သည်။ ဘာကြောင့်ခုလိုသတိလက်လွတ်ကိုဖြစ်သွားရတာလဲမသိပေမဲ့ တစ်ဖက်လူကိုစာနာသောစိတ်ဖြင့်ပြန်နှစ်သိပ်လိုက်ရသည်။ ငယ်ဦးမယ်ထင်ရသောပုံပန်းနှင့်ဝတ်စားထားပုံတို့ကြောင့် အဆင်ပြေမည့်စကားကိုသာရွေးပြောလိုက်ရ၏။

ဆုံစည်းခွင့်Where stories live. Discover now