Part 24

9.9K 1.4K 84
                                    

သူငယ်ချင်းနှစ်ဦးမှာမှောင်ကာမှအပြင်ထွက်ဖို့ပြင်တော့ အန်တီကကားကိုဂရုစိုက်မောင်းရန်မှာနေသည်။ စိတ်မချရင်မေမေပါလိုက်ခဲ့လို့ခေါ်တော့ "တော်တို့လူပျိုနှစ်ယောက်ပဲလွတ်လွတ်လပ်လပ်သွားပါတော်"တဲ့။ ကားကိုကျွန်တော်ကမောင်းပြီးသာလွန်နေက သီချင်းတအေးအေးနှင့်သက်တောင့်သက်သာပါလာ၏။

ရောက်ရောက်ချင်းကားထိသည့်ကိစ္စကိုချက်ချင်းမပြောရကောင်းလားဆိုကာ အဆူအဆဲခံလိုက်ရ၏။ ဘာမှမဖြစ်ပါဘူးဆိုလည်းမပြီးနိုင်။ သာလွန်နေသည်ကျွန်တော့်ကိုဆိုလျှင် နိုင်စားတတ်တာအကျင့်ကိုပါနေသည်။ နိုင်စားခြင်းရဲ့နောက်ကွယ်က ခိုင်မာတဲ့သံယောဇဉ်ရှိနေခြင်းကိုခံစားသိမြင်​နေ​တော့လည်း သူဘယ်လောက်ဆူဆဲဆူဆဲ မငြိုငြင်နိုင်ပါ။

ကျွန်တော့်ကိုပြောဆိုပြီးမှ အပြင်ထွက်ပြီးဆိုင်ထိုင်မယ်ဆိုတာလည်းသူပါပဲ။ အပိုငွေမသုံးတတ်သောကျွန်တော်ကသူများကျွေးမယ်ဆိုတိုင်း လိုက်စားချင်တဲ့လူမျိုးမဟုတ်။ သို့သော်"နေ"နှင့်အေးအေးဆေးဆေးမတွေ့ရတာကြာ​နေပြီဖြစ်သောကြောင့် သူ့အလိုကျရန်ကင်းကရွှေခိုင်အသားကင်ဆိုင်ဆီထွက်လာခဲ့ကြသည်။

သည်ဆိုင်ကအကင်မျိုးစုံကို သာလွန်နေအလွန်ကြိုက်နှစ်သက်၏။ စနေနေ့ဖြစ်သောကြောင့် ဆိုင်တွင်လူများ၍နေ၏။ ကံကောင်းထောက်မလို့ ခုံလွတ်သွားသည်နှင့်ကြုံလိုက်သ​ဖြင့် နေရာရလိုက်သည်။

စားချင်တဲ့အကင်တွေရွေးကာကင်ခိုင်းပြီးမှ ဘီယာတစ်ဂျားနှင့်ထိုင်စောင့်နေရပြန်သည်။ စားဖိုမှူးသင်တန်းတက်ပါပြီဆိုကတည်းက ဆိုင်တွေရောက်တိုင်းလိုက်လေ့လာနေဖြစ်၏။ ခုလည်းအသားနှပ်ထားတာတွေ၊ ကင်နေတာတွေကိုတစေ့တစောင်းလေ့လာနေရင်း မှတ်သားနေမိသည်။

သာလွန်နေမှာ မနက်ဖြန် Sunday လဖြစ်သောကြောင့် ခြေရှည်ရန်ကြိုတင်ကြံစည်နေ၏။ ဝပ်ရှော့ကညနေပိုင်းမှကားလာယူရန်ပြောထားခြင်းကြောင့်ကျွန်တော်အားနေတာသူသိနေတော့အကြိုက်တွေ့ပြီးလမ်းရှာနေပုံ။

ကျက်လွယ်သောရုံးပတီသီးကင်နှင့်အာလူးကင်တို့အလျှင်ရောက်လာချိန် ရှိတဲ့အမြည်းလေးနှင့်မြုံ့နေစဉ် အိတ်ထဲကဖုန်းကထမြည်လာ၏။ ခေါ်ဆိုသူကရှိုင်း။ Contact ပေါ်မှာရေးထားတဲ့အမည်လေးကတောင် နှုတ်ခမ်းတွေကိုကွေးညွတ်သွားအောင်စွမ်းဆောင်နိုင်ပသည်။ အနည်းငယ်ဆူညံနေသောပတ်ဝန်းကျင်ကြောင့် စားပွဲဝိုင်းတို့နှင့်ဝေးရာအထိလျှောက်သွားလိုက်ရ၏။

ဆုံစည်းခွင့်حيث تعيش القصص. اكتشف الآن