ရှိုင်း Feeling

5.4K 473 25
                                    


2017

အဆင်ပြေပါတယ်ဆိုတာက
လက်သုံးစကားဖြစ်လာသလို
ဘာမှမဖြစ်ပါဘူးကလည်း
အကြီးမားဆုံးမုသာဝါဒကြီးဖြစ်လာတယ်။
လိုရာကိုပဲဆွဲတွေးရင်းနဲ့
တစ်ညတာအိမ်မက်တွေခါးကုန်တယ်။
လောကကြီးကလွယ်မလိုလိုနဲ့ခက်တယ်။

 #Ella

************************

2018

တစ်ကယ်ဆိုငါတို့ကနီးနီးလေးပါ။
တစ်ယောက်နဲ့တစ်ယောက်
ကျောခိုင်းထားတာပဲရှိတာ...

# Nine

*************************

2019

တစ်ပါးသူတွေကိုလည်းညာခဲ့တယ်
ကိုယ့်ကိုယ်ကိုလည်းညာခဲ့တယ်
နောက်ဆုံးခင်များကို
ချစ်နေတုန်းဆိုတာ
ဝမ်းနည်းစွာနဲ့လက်သင့်ခံခဲ့ရပြန်တယ်။

 # AURUM

ဆုံစည်းခွင့်Where stories live. Discover now