Part 19

10.3K 1.4K 40
                                    

နာရီနှိုးစက်သံကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှနိုးလာ၏။ ညကအိပ်ရာပြောင်းလို့တော်တော်နှင့်အိပ်မပျော်နိုင်ခဲ့ပါ။ မဖွင့်ချင်လောက်အောင်လေးလံနေလွန်းသောမျက်လုံးကို အားယူဖွင့်လိုက်ရင်း တစ်ဖက်ကုတင်​ပေါ်ကသာလွန်နေ့မှာ တုတ်တုတ်တောင်မလှုပ်ဘဲခြေကားယားနှင့်အိပ်မောကျနေဆဲ။

ညကကလေးနှင့်စကားတွေထိုင်ပြောနေစဉ် သာလွန်နေလှမ်းခေါ်သောကြောင့်ဝိုင်းဖွဲ့သီချင်းဆိုကြ၊ စကားတွေပြောနေကြရင်း နှစ်သစ်ကိုကြိုဆိုခဲ့ကြ၏။ မမနှိုင်းတို့သူငယ်ချင်းအဖွဲ့မှာ ညမအိပ်ကြပါ။ ပွဲပြီးချိန်မှပြန်သွားကြသည်။

ကျွန်တော်တို့ယောက်ျားလေးတစ်စုကသိမ်းစရာရှိတာတွေအလျှင်အမြန်သိမ်းဆည်းပြီးမှ စီစဉ်ပေးထား​​သောအိပ်ခန်းအသီးသီးသို့ဝင်ခဲ့ကြ၏။ ကျွန်တော်တို့ကိုနေရာချထားတဲ့အခန်းက အိမ်အပေါ်ထပ်ရှိုင်း၏အခန်းဘေးတွင်ဖြစ်သည်။

နှိုးစက်ကိုမနက် ၄ နာရီပေးထားသ​ဖြင့် ကျိန်းစပ်နေ​သောမျက်လုံးကိုအားယူဖွင့်လိုက်ရင်း ကုတင်ပေါ်ကအသာဆင်းခဲ့၏။ အခန်းတွင်းတွဲလျှက်ပါရှိသောရေချိုးခန်းထဲဝင်ကာ ရေကိုတစ်ခါထဲချိုးချလိုက်မှအနည်းငယ်လန်းဆန်းသွားသည်။

အခန်းပြင်ကိုထွက်လာပြီးဟိုဒီကြည့်မိစဉ် အောက်ထပ်မှစကားပြောသံသဲ့သဲ့ကိုကြားနေရ​သောကြောင့် ဆင်းလာခဲ့၏။ အောက်ထပ်တွင်မီးရောင်များထိန်လင်းနေပြီး ထမင်းစားခန်းဘက်တွင်လူရိပ်တွေ့လိုက်သောကြောင့်ကြည့်လိုက်တော့ ကြီးကြီးနှင့်အန်တီကြီးတစ်ဦး။

"သားကအစောကြီးနိုးနေတာလား။ ကောင်းကောင်းအိပ်မပျော်လို့လား"

"မဟုတ်ပါဘူးကြီးကြီး၊ အာရုဏ်ဆွမ်းကပ်မှာဆိုတော့ ဘာများကူလုပ်ပေးရမလဲလို့ပါ"

"ဘုန်းကြီးတွေသွားပင့်ရမှာ၊ ကျောင်းကဒီနား​​လေးတင်ပါ။ ကိုနေသွားပင့်မယ်လို့ပြောတယ်။ ၅ နာရီလောက်သွားပင့်လိုက်ရင်အတော်ပါပဲ။ လာလေ...သား၊ ကော်ဖီလေးသောက်၊ ဒီမှာကမုန့်တွေ ကြိုက်တာယူစားနော်။ လုပ်စရာကဘာမှမရှိတော့ပါဘူး။ ရှေ့ကဆွမ်းကပ်မဲ့အခန်းမှာ ဘုန်းဘုန်း​တွေအတွက်စားပွဲခုံ​သေချာခင်းပြီး လိုအပ်တာတွေပြင်ထားပေးပေါ့"

ဆုံစည်းခွင့်Where stories live. Discover now