Part 35

10.2K 1.4K 92
                                    

1 January 2015

ဇန်နဝါရီလ ၁ရက်နေ့တိုင်း အလှူလုပ်နေကျဖြစ်သောကြောင့် ကျွန်တော်တို့အိမ်တွင်ဧည့်သည်များနှင့်စည်ကားနေသည်။ တာဝန်ကျရာမြို့လေးကနေ အချိန်မီပြန်လာတဲ့မမကြောင့် မိသားစုလေးကသိုင်းသိုင်းဝန်းဝန်းနှင့်ပျော်ရွှင်ဖွယ်အတိဖြစ်နေ၏။ မမသူငယ်ချင်းတွေလည်းရောက်လာသောကြောင့် အရင်နေ့တွေကထက်မေမေကပိုပျော်ရွှင်နေ​လေသည်။

သောကြာနေ့ဖြစ်သောကြောင့် ကိုနေကတရားနာပြီးဆေးရုံကိုဆက်သွား၏။ မမလည်းပြန်ရောက်နေသောကြောင့် ကျွန်တော်ကကျောင်းတစ်ရက်အပျက်ခံလိုက်သည်။ သူငယ်ချင်းတွေမှာမလာနိုင်ကြပါ။ ကျောင်းကဆရာဆရာမနှင့်စိမ်းတို့အတွက်ကိုဖော့ဗူးတွေနှင့်ဖောဖောသီသီပို့ပေးလိုက်ပြီးသည့်​နောက် တစ်ယောက်ထဲယောင်ချာချာဖြစ်နေပါတော့သည်။

မေမေတို့နားသွားထိုင်တော့လည်းစီးပွားရေးလူမှုရေးအကြောင်း​တွေကြားနေရတော့ ပျင်းရိလာ၏။ မမတို့ရဲ့မိန်းကလေးဝိုင်းနားကျမကပ်ချင်ပါ။ အပျိုကြီးတစ်စု၏ တိုးတိုးကျိတ်ကျိတ်အတင်းသတင်းတွေကိုလည်းစိတ်မဝင်စားပါ။ ဒီတစ်ခါအလှူရက်က ဘာမှန်းမသိလွမ်းချင်စရာကောင်းလွန်း​နေ၏။

ဒီတော့ လုပ်စရာရှိတာတွေသိမ်းကျုံးရှာလုပ်နေရပါသော တောက်တိုမယ်ရလေးဘဝဆီရောက်ရတော့သည်။ ဧည့်သည်တွေရှင်းသလောက်ရှိမှ စားပွဲဝိုင်းတစ်ခုတွင်ဝင်ထိုင်လိုက်ပြီး ချထားသောအချိုပွဲတွေကိုဟိုတို့ဒီတို့စားနေမိ၏။

ကျောက်ကျောကလည်းမချိုဘူး။ လက်ဖက်နှပ်ထားတာကလည်းအစပ်အဟပ်ကမတည့်ဘူးလားမသိ စားလို့လည်းမကောင်းဘူး။ ရွှေကြည်ကလည်းဂျိုးလေးကပ်မှစားလို့ကောင်းတာကို။

"ကြီးကြီးရေ၊ ဟိုဝိုင်းကဧည့်သည်ကိုသေချာဧည့်ခံလိုက်ကြပါဦး။ တစ်ယောက်ထဲဆိုတော့ ရှက်ပြီးမစားဘဲထပြန်သွားဦးမယ်နော်"

မမတို့ဝိုင်းလှမ်းကာစနေ၏။ စိတ်ကမကြည် မျက်စောင်းလှမ်းထိုးလိုက်တော့ဒါကိုပဲသဘောကျပြီးရယ်နေကြပြန်သည်။ အပျိုကြီးတွေများ လူကိုစစရာမှတ်နေသလားမသိ။ လူကိုကလေးလိုတစ်ချိန်လုံးစနောက်ချင်နေကြတဲ့ မမသူငယ်ချင်းတွေကိုမကြည်လင်ချင်​တော့ပါ။

ဆုံစည်းခွင့်Where stories live. Discover now