Part 4

17.9K 2.1K 113
                                    

မိတ်ဆွေတစ်ဦးနှင့် Junction Square တွင်ဆုံတွေ့ပြီးခိုက်။

ညှင်းသိုးသိုးနှင့်မသေမသပ်ဖြစ်နေသောကိုယ့်ရုပ်သွင်ကို မှန်ရိပ်တွင်တွေ့လိုက်ချိန်မှ အပေါ်ထပ်တွင်ရှိသောအမျိုးသားဆံပင်ညှပ်ဆိုင်တစ်ခုအတွင်းသို့ ဝင်လိုက်ရသည်။

သူမြန်မာပြည်သို့ပြန်ရောက်သည် က ရက်ပိုင်းမျှသာရှိသေး၏။ တစ်ကောင်ကြွက်ဆိုသည့်ရပ်တည်ခြင်းတွင် အခြားတည်မှီစရာမရှိသည်ဖြစ်သောကြောင့် ခိုနားခဲ့ရသည်ကဈေးသက်သာသောမိုတယ်တစ်ခုတွင်ဖြစ်ခဲ့သည်။ လတ်တလောတွင် မိတ်ဟောင်းဆွေဟောင်းများနှင့်လည်းမဆက်သွယ်နိုင်ခဲ့သေး​ပေ။

ချက်ချင်းဆိုသလိုရှာဖွေမိသည်က အလုပ်ခေါ်စာများဖြစ်ခဲ့သည်။ လုံလောက်သည့်လုပ်သက်နှင့် ကျွမ်းကျင်မှုလည်းရှိခဲ့ပြီဖြစ်သောကြောင့် ဦးစားပေးရှာဖွေခဲ့သည်က နယ်ဟိုတယ်များမှအလုပ်ခေါ် စာများသာ။

အရင်ကလုပ်ခဲ့ဖူးသည့်အလုပ်နေရာများတွင် အလွယ်တကူအလုပ်ပြန်ဝင်နိုင်သော်လည်း သူကိုယ်တိုင်ကိုကရန်ကုန်မြို့တွင်မလုပ်လို​တော့ဘဲ အေးချမ်းသောတောင်ပေါ်ဒေသမျိုး၌သာလုပ်ကိုင်လိုခြင်းကြောင့် အဆင်ပြေမည့်အလုပ်ခေါ်စာများကိုအလျင်စလိုရှာဖွေနေရခြင်းဖြစ်၏။

အမှတ်မထင်တွေ့ခဲ့သောလုပ်ဖော်ကိုင်ဖက်တစ်ဦးက အလုပ်နေရာတစ်ခုချိတ်ဆက်ပေးလာသောကြောင့် ချိန်းဆိုကာအသေးစိတ်မေးမြန်းပြီးသည့်နောက် အင်တာဗျူးသွားတွေ့ ရန်ဆုံးဖြတ်လိုက်သည်။ သွားလုပ်ရမဲ့နေရာက ကလောမြို့ရှိ Resort Hotel တစ်ခု။

ရည်ရွယ်ထားသည့်အချက်အလက်များနှင့်လည်းကိုက်ညီနေသောကြောင့် လစာနှင့်အခြားလိုအပ်သည်များညှိနှိုင်း၍အဆင်ပြေလျှင် အလုပ်တန်းဝင်ရုံသာရှိသည်။ ခေါ်သည့်ဘက်ကလည်း Urgent လိုနေသည်ဆိုသောကြောင့် မနက်ဖြန်မနက်တွင်လူတွေ့ဖြေဆိုရမည်။

သူ Dubui တွင်အလုပ်သွားလုပ်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့၏။ Oversea တွင်အဆင်ပြေသော်လည်းဆက်၍မနေချင်တော့သောကြောင့် ဆရာသမားတွေတားသည့်ကြားကပြန်လာခဲ့ခြင်းဖြစ်သည်။

ဆုံစည်းခွင့်जहाँ कहानियाँ रहती हैं। अभी खोजें